ဒေသလိုင်စင်လုပ်သည့် ဆိုင်ကယ်အစီးရေ နည်းပါး

0
4064

လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသ လိုင်စင် (TNI) စတင်ထုတ်ပေးနေသည့် လေးရက်တာ ကာလအတွင်း အစင်းရေ လေးရာခန့်သာ ရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ထံမှ သိရသည်။ ယင်း ပမာဏ မှာ လွန်ခဲ့သော သုံးနှစ်ခန့်ကလာ လျှောက် ထားသည့် နှုန်း၏ လေးပုံတစ်ပုံခန့်သာ ရှိနေသည်။


ဒေသလိုင်စင်ကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် မတ်လ ၅ ရက်နေ့တွင် စတင်လုပ်ပေးနေပြီး လက်ရှိအချိန်ထိ လိုင်စင်လုပ်သည့် ဆိုင်ကယ်အစီးရေ ၃၉၈ စီးသာရှိသေးကြောင်း အထက်ပါ ဌာနထံမှ သိရသည်။


ယခင်ပြီးခဲ့သည့် ၂၀၁၇ -၂၀၁၈ ခုနှစ်က ဒေသလိုင်စင်ထုတ်ပေးခဲ့ပြီး ယင်း အချိန်က တစ်ရက်လျှင် အစီးရေ လေးရာ ကျော်အထိ လာလုပ်ခဲ့ကြောင်း တိုင်းဒေသကြီး ကညနရုံးစာရင်းအရ သိရသည်။


ဒေသလိုင်စင်လုပ်ပေးခဲ့သည့်ကာလ မကြာသေးခြင်း၊ နယ်ဒေသနေသူအချို့ မသိသေးခြင်း စသည့်အချက်များကြောင့် လိုင်စင်လုပ်သူ နည်းနေခြင်းဖြစ်နိုင် ကြောင်း ကညနဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။


“ရွာတွေကလည်း အခုမှသိတာ လား။ ဘာလားတော့ မပြောတတ်သေး ဘူး” ဟု ဦးထင်ပေါ်က ပြောသည်။


ဒေသလိုင်စင်ကို ၂၀၂၀ ခုနှစ် မတ်လမှ ဇွန်လကုန်အထိ လေးလကြာ လုပ်ပေးမည်ဖြစ်ပြီး ဒေသလိုင်စင် နံပါတ်ကို TNI-135–ဖြင့်စကာ ဂဏန်း ငါးလုံးပါဝင်မည်ဖြစ်သည်။


တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်ကလည်း ဒေသလိုင်စင် လုပ်ပေး ခဲ့ဖူးပြီး ယင်းအချိန်က ဆိုင်ကယ် အစီးရေ ၁၂၀ဝ၀ ခန့်ကို လိုင်စင် ထုတ်ပေးခဲ့သည်။


ယခင်က ဒေသလိုင်စင်လုပ်ရာတွင် ဆိုင်ကယ်အင်ဂျင်ပါဝါ ၁၁၀ စီစီ၊ ၁၂၅ စီစီနှင့် ၁၅၀ စီစီတို့ကို တစ်အုပ်စုတည်း သတ်မှတ်ထားရာမှ လက်ရှိတွင် ၁၀ဝ စီစီအောက်၊ ၁၁၀နှင့် ၁၂၅ စီစီ၊ ၁၅၀ စီစီ ဟူ၍ အင်ဂျင်ပါဝါအလိုက် အုပ်စု ခွဲကာ ဒဏ်ကြေးသတ်မှတ်ထားသည်။


ဒေသလိုင်စင်လုပ်ရာမှ ရရှိသည့် ဒဏ်ကြေးငွေ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရက ရရှိမည်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ရရှိမည်ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ နှစ်သိန်းသုံး သောင်း ဝန်းကျင်ရှိကြောင်း တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။