လုလင်လှကျွန်း ရေငန်တားမည်

0
403

လောင်းလုံးမြို့နယ်၊ လုလင်လှ ကျွန်းတွင် ရေငန်တား မြေသားနံရံများ တည်ဆောက်သွားမည်ဟုတိုင်းဒေသ ကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။

ယင်းကျွန်းမှာ လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ် ညောင်ဇင်ရွာကြား ထားဝယ်မြစ်အတွင်းရှိစပါးစိုက်ပျိုးရေး လုပ်ကိုင်သည့် ကျွန်းဖြစ်သည်။

ယင်းကျွန်းပေါ်တွင်လယ်ဧက ၈၀၀ နီးပါးရှိလက်ရှိတွင်ကျွန်းပေါ်ရှိလယ် မြေအားလုံးနီးပါး ရေငန်ဝင်သဖြင့်ပျက် စီးနေကြောင်းဦးမြင့်စန်းက ပြောသည်။

“လယ်သမားတွေနဲ့အတူ ကွင်းဆင်းတယ်။ ဘတ်ဂျက်တောင်းခံပြီးရလို့ ခုတင်ဒါခေါ်ထားတယ်”ဟု ဦးမြင့်စန်းက ပြောသည်။

Dawei Watch