စာမေးပွဲကာလပြောင်းလဲသတ် မှတ်ခြင်းအပေါ် ထားဝယ်ပညာရေး ကောလိပ်ကျောင်းသားများ ဆန္ဒပြ

0
464

အခြေခံပညာအတန်းများ စာမေးပွဲ ကာလပြောင်းလဲသတ်မှတ်သည့်အပေါ် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်း သား၊ ကျောင်းသူ ၂၅၀ ဝန်းကျင်က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ရာတွင် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းသူ ကျောင်းသားများအပြင် အခြေခံပညာ ဆရာများ သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဝင်အချို့လည်း ပူးပေါင်းပါဝင် ခဲ့ကြသည်။

အခြေခံပညာတန်းအချို့ကို စာမေးပွဲ ကာလနောက်ဆုတ်ကာ မတ်လကုန်အထိ ကျောင်းဖွင့်လှစ်မည်ဆိုသည့်အပေါ် ပညာရေး ကောလိပ်ကျောင်းသားများနှင့် ပညာရေးအဖွဲ့အစည်းများက အကြိမ် ကြိမ်ထောက်ပြနေသော်လည်း ပညာရေး ဝန်ကြီးဌာနမှ ကျောင်းတက်ရက်မပြောင်း ပေးသည့်အတွက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်သည့် စာမေးပွဲကာလပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကျောင်းသား နှင့် မိဘများ အတွက် အဆင်မပြေ သည့်အတွက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာများ သမဂ္ဂဖြစ်မြောက် ရေး ဦးဆောင်ကော်မတီဝင် ဦးဝေယံစိုး က ဆိုသည်။

“ဒီမိုကရေစီယန္တရားကို လည်ပတ် နေချိန်တွင် ဒီမိုကရေစီစနစ်ကို သွားရ မည့်အစား အာဏာရှင်ဆန်တဲ့စနစ် ကိုလိုနီဆန်တဲ့ စနစ်ကို သွားနေမယ်ဆို ရင် ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဘယ်တော့မှ ရောက် သွားမှာမဟုတ်ဘူး ဆိုတာ ပြောရဲတယ်”ဟု ဦးဝေယံစိုးက ပြောသည်။

ဆန္ဒထုတ်ဖော်ကြသူများက ထားဝယ် ပညာရေးကောလိပ်မှ စတင်ထွက်ခွာပြီး ဆေးရုံလမ်း၊ ယင်းမှတစ်ဆင့် လမ်းဆုံကြီး ဘက်မှ ပတ်ကာ တိုင်းအစိုးရအဖွဲ့ရုံး ရှေ့တွင် ခေတ္တရပ်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အခြေခံပညာစာမေးပွဲကာလနောက် ဆုတ်ခြင်းအား အလိုမရှိ၊ လုပ်ငန်းခွင်အခြေပြုပညာရေး မြှင့်တင်မှု ဖော်ဆောင်ပေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဒို့အရေး အစရှိ သည့် ကြွေးကြော်သံရေးသားထားသည့် စာပြားများ ကိုင်ဆောင်ခဲ့ကြသည်။

ကြိုတင်ပြထားသည့် လမ်းကြောင်း မဟုတ်သည့် အာဇာနည်လမ်းရှိ တိုင်းအစိုးရအဖွဲ့ရုံးရှေ့လမ်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ရဲတပ်ဖွဲ့က တားမြစ် မှုအချို့ လုပ်ဆောင်ခဲ့သော်လည်း ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။

Dawei Watch