မွန်အမျိုးသားနေ့အခမ်းအနား ကျပ်သိန်း ၁၃၀၀ ခန့် သုံးမည်

0
478

တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၉ ရက်)တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ငွေကျပ်သိန်း ၁၃၀၀ ခန့် အကုန်ကျခံ ကျင်းပမည်ဟု ကျင်းပ ရေးကော်မတီထံမှ သိရသည်။

အဆိုပါ အခမ်းအနားကို နှစ်စဉ် နှစ်တိုင်း တစ်မြို့နယ်စီ အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် ဗဟိုအခမ်းအနား ကို မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင် တွင် ကျင်းပသွားမည် ဖြစ်သည်။

ယင်းအခမ်းအနားအတွက် မွန်ပြည် နယ်အစိုးရက ကျပ်သိန်း ၄၅၀ ထောက်ပံ့ ပြီး ကျန်သည့် ကျန်ကျငွေများကို ထောက်ပံ့သူ ရှာခြင်း၊ ဆိုင်ခန်းငှားရမ်းခ နှင့် ကံစမ်းမဲလက်မှတ် ရောင်းရငွေ များဖြင့် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟို ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ မင်းဗညားစန်း က ပြောသည်။

ယမန်နှစ်များထက် ပိုမိုထူးခြား သည့် အစီအစဉ်အဖြစ် ယိုးဒယား (ထိုင်း နိုင်ငံ) မှ မွန်ယဉ်ကျေးမှုအဖွဲ့တို့၏ လာ ရောက် ဖျော်ဖြေသည့် အစီအစဉ်များ အပြင် မွန်သမိုင်း မွန်ရိုးရာယဉ်ကျေးမှု ပြခန်းများလည်း ခင်းကျင်းပြသသွားမည် ဟု သိရသည်။

“မွန်အမျိုးသားနေ့ ဗဟိုအခမ်း အနားအနေနဲ့က မော်လမြိုင်မှာ မကျင်းပ ဖြစ်တာ တော်တော်ကြာနေပြီ။ ၁၀ နှစ် ကျော် ရှိမယ်ထင်တယ်။ သေချာတော့ မမှတ်မိဘူး။ အခုမှ တစ်ခါ ပြန်ကျင်းပ ဖြစ်တယ်။ မြို့ပေါ်မှာဆိုတော့ လူစုံတယ်။ လူစုံတဲ့နေရာမှာ ကျင်းပတော့ မွန်တွေ ရဲ့အကြောင်းကို လူအစုံက လေ့လာခွင့်ရ သွားမယ်”ဟု မော်လမြိုင်မြို့ခံ ဦးထွန်းက ပြောသည်။

၇၂ ကြိမ်မြောက်ကို ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့တွင် ကျင်းပခဲ့သည်။

သမလ၊ ဝိမလ မွန်မင်းညီနောင်နှစ် ပါး ဟံသာ၀တီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ ယင်းနေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။

Dawei Watch