အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်း

0
313

မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီးရန်ကုန်ရှိ လူငယ်အသက်မွေး သင်တန်းကျောင်းတွင် အခမဲ့သင်ကြားပေးမည့်အခြေခံအိမ်တွင်းလျှပ်စစ်မီးသွယ်တန်းခြင်း သင်တန်းလျှောက်ထားနိုင်ပြီ ဖြစ်သည်။

ပရဟိတမောင်နှမများကွန်ရက် အနေနှင့် သင်တန်းအမှတ်စဉ် ၃ကြိမ် မြောက်မှစပြီး မြိတ်ဒေသမှသင်တန်းသားများအား အခမဲ့ပို့ဆောင်နေပြီး သင်တန်းပြီးဆုံးကာ လုပ်ငန်းခွင်အတွင်းဝင်ရောက် လုပ်ကိုင်နေသူများလည်းရှိနေပြီဖြစ်ကြောင်း ကွန်ရက်အဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောပြသည်။ ယခုအခါ သင်တန်း အမှတ်စဉ် ၉ ရှိပြီ ဖြစ်သည်။

အဆိုပါသင်တန်းတက်ရောက်ကြမည့်ရန်ကုန်မြို့နေသူများအတွက် စားစရိတ်ငြိမ်းနှင့်မြိတ်သူ^သားများအတွက် စားစရိတ်ငြိမ်းနှင့် သင်တန်းကာလအတွင်း နေထိုင်ရန်စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက် မှ မတ်လ၃၁ရက်အထိ ရတ်သတ္တပတ် ၆ ပတ်(တစ်ပတ်လျှင်၅ ရက်)အကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

မြိတ်မြို့မှ သင်တန်းတက်ရောက် သူများအနေဖြင့် ပရဟိတမောင်နှမများကွန်ရက် ဦးမင်းလွင်ဦးဖုန်း-၀၉၄၅၀၉၉ ၃၅၃၈ ထံသို့ ဖေဖော်ဝါရီလ၁၁ရက် နောက်ဆုံးထားပြီး ဆက်သွယ်လျှောက် ထားနိုင်ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)