မြိတ်လေယာဉ်ကွင်းတစ်လျှောက် မကျွတ်မလွတ်သူများအား သုဿာန်ပြောင်း

0
430
ဓာတ်ပုံ - မြင့်မိုရ်(မြိတ်)

မြိတ်မြို့ လေယာဉ်ကွင်းလမ်း တစ်လျှောက်ရှိမြင်အပ်မမြင်အပ်၊ မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ကလွင်ဘာသာစုံသုသာန်သို့ ပြောင်းရွှေ့သည့် အစီအစဉ်ကို ဇန်နဝါရီလ ၂၅ရက် ညနေပိုင်း ပြုလုပ်ခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးကစီမံခန့်ခွဲသည့် မြေဧရိယာအတွင်း နေထိုင်သော မကျွတ်မလွတ်ပုဂ္ဂိုလ်များအား ထွက်ခွာပေးရန်နှင့် ကလွင်ဘာသာစုံ ပေါင်းစုံသုသာန် သတ်မှတ်နေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏အမိန့် စာဖြင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ကွင်းလမ်းတစ်လျှောက် သံဃာတော်မှ မေတ္တာပို့ခြင်း၊ ပရိတ်တရားရွတ်ဖတ်ခြင်းနှင့် အစားအစာများ ကျွေးမွေးခြင်းတို့ ပြုလုပ်ကာသတ်မှတ်ထားသည့် နာရေးကားနှစ်စီးပေါ်သို့ တင်ဆောင်ကာ ကလွင်ဘာသာပေါင်းစုံသုဿာန်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

Dawei Watch