အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်၊ ကိုယ်အနှံ့လျှောက်ကိုင်သူ အဖမ်းခံရ

0
885

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် နေအိမ် အတွင်းဝင်ရောက်ကာ အမျိုးသမီး တစ်ဦးကို လည်ပင်းညှစ်ပြီး ခန္ဓာကိုယ် အနှံ့လျှောက်ကိုင်နေသည့် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ပရဒတ်ကျေးရွာနေ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးက နေအိမ်တွင် ထမင်းချက်နေစဉ် အသက် ၄၄ နှစ်အရွယ် အမျိုးသားက နေအိမ်အတွင်း ဝင်ရောက် လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုနောက် ထမင်းချက်နေသည့် အမျိုးသမီး၏ လည်ပင်းကိုညှစ်ကာ ခန္ဓာကိုယ်အနှံ့ လက်ဖြင့်လျှောက်ကိုင် နေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ထိုသို့ ကိုင်နေစဉ် အမျိုးသမီးဖြစ်သူ က အမျိုးသား၏ နှုတ်ခမ်းကို ကိုက်ကာ လည်ပင်းပြန်ညှစ်၍ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ယင်းသို့ အကူအညီတောင်းရာ ရွာသားတချို့ရောက်လာပြီး အမျိုးသမီး ကို ဖက်ထားသည့်လက်ကို လွှတ်ပေးရန် ဝိုင်းပြောမှသာ လွှတ်ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၄၅၁/ ၃၂၃/၃၅၄ ဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch