မြိုင်ရတနာဈေးရှေ့ စိတ်ကြွဆေးပြား ငါးထောင်ကျော် ဖမ်းမိ

0
500

မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ် ဈေးရှေ့တွင် စိတ်ကြွဆေးပြား ငါးထောင် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက်က မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူ ဌာနစုမှ ရဲအုပ်ဇော်ထိုက်ဦးစီး တပ်ဖွဲ့ ဝင်တို့က မူးယစ်ဆေးဝါးသတင်းအရ မြိုင်ရတနာ ဈေးဝင်ပေါက်ရှေ့တွင် ရပ်နေ သူ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်နေ ကိုဇော်မျိုးနိုင် (၂၂) နှစ်နှင့် မော်လမြိုင် မြို့ ဇေယျာသီရိရပ်ကွက်နေ ဦးမင်းသိန်း (၄၅) နှစ်တို့အား ရှာဖွေမှုပြုလုပ်ခဲ့သည်။

ထိုသို့ရှာဖွေရာ ကိုဇော်မျိုးနိုင်တွင် စိတ်ကြွဆေးပြား ၅၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

၎င်းတို့နှစ်ဦးအား ဆက်လက် မေးမြန်းခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများ သည် ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ်မှ မမော်မော်စိုးဆိုသူ၏ ပစ္စည်းများ ဖြစ်ပြီး ရောင်းချပေးရန် ယူဆောင်လာခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသည်။

အဆိုပါအမျိုးသမီးကိုလည်း မြိုင်ရတနာဈေးအနီးတွင် ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ သိမ်း ဆည်းရမိသည်နှင့် ပတ်သက်ပြီး ကိုဇော် မျိုးနိုင်၊ ဦးမင်းသိန်းနှင့် မမော်မော်စိုးတို့ သုံးဦးကို မော်လမြိုင်မြို့မရဲစခန်းတွင် မယ(ပ)၁၈/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထား သည်ဟု မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။

Dawei Watch