ရလိုင်ချောင်းသာ ဖော်ပေးပါ

0
338

ရေဖြူမြို့နယ် ရလိုင်ချောင်း တိမ်ကောလာမှုကြောင့် နှစ်စဉ်ရေကြီး နစ်မြုပ်ပျက်စီးသည့် လယ်မြေများ ရှိနေသဖြင့် ထောက်ပံ့ငွေနှင့် အခြားအရာ များ ပေးခြင်းထက် ချောင်းကိုသာ ပြန် ဖော်ပေးစေချင်သည်ဟု ရလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။

ရလိုင်ချောင်းကို ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်က တစ်ကြိမ်တူးဖော်ခဲ့သော်လည်း အပေါ်ယံရှပ်၍သာ တူးဖော်ခဲ့သဖြင့် ထိရောက်မှုမရှိသောကြောင့် ရေဖြူမြို့ နယ်အတွင်းရှိ လယ်ယာမြေများ နှစ်စဉ် ရေလွှမ်းမိုးခံနေသည်ဟု ဒေသခံ လယ် သမားများက ပြောကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ငွေကြေး အမြောက်အများဆုံးရှုံးနေရပြီး လယ်ပစ်ထားသူ များလာကြောင်း၊ ယင်းကြောင့် ထောက်ပံ့ကြေးငွေ ပေးအပ်သည်ထက် ရလိုင်ချောင်းကိုသာ ထိထိရောက်ရောက် တူးဖော်ပေးစေလိုသည်ဟု ဒေသခံလယ် သမားများက ပြောသည်။

မိုးမြင့်