ကော့သောင်းလူငယ့်ရိပ်သာ ဂီတအနုပညာလှုပ်ရှားမှုဖြင့် စမည်

0
474

နှစ်၃၀ ကျော်ကြာပြီးမှ ပြန်လည် ဖွင့်လှစ်ခွင့်ရသည့်ကော့သောင်းလူငယ် ရိပ်သာတွင် ဂီတအနုပညာလှုပ်ရှားမှုများ ကနဦးအစပျိုးလုပ်ဆောင်မည်ဟု ရိပ်သာ အသင်းအတွင်းရေးမှူး ဦးယဉ်ထွေးက ပြောသည်။

ကော့သောင်းလူငယ်ရိပ်သာတွင် ကော့သောင်းဘင်ခရာတပ်ဖွဲ့၊ အရုဏ်ဦး တေးဂီတအဖွဲ့တို့၏ရုံးခန်းများ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဘင်ခရာသင်တန်းနှင့် အခြားတေးဂီတလှုပ်ရှားမှုများ လုပ်ဆောင် သွားရန်ရှိကြောင်း ဦးယဉ်ထွေးက ပြောသည်။

“လူငယ်တွေလမ်းကြောင်းမလွဲ အောင်၊ ဂီတနဲ့ပြုစုပျိုးထောင်တဲ့နေရာ ဖြစ်အောင်၊ အစုအဖွဲ့နဲ့ နေတတ်အောင် ဂီတလှုပ်ရှားမှုတွေ လုပ်သွားဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

နောက်ပိုင်းတွင် လူငယ်စင်တာပုံစံ ဖြစ်လာစေရန်လူငယ်လှုပ်ရှားမှုများ၊ အသိပညာပေး သင်တန်းများ ပြုလုပ် နိုင်ရေးအရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ၏အကူအညီများ ရယူလုပ်ဆောင် သွားရန် ရည်ရွယ်သည်ဟု ဆိုသည်။

ကော့သောင်းလူငယ်ရိပ်သာကို လူငယ်လမ်းမှားမရောက် ရေးဂီတဖြင့် စုစည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၆ ခုနှစ်တွင် ကော့သောင်းမြို့ခံ လူငယ် လူလတ်တို့က ကိုယ်ထူကိုယ်ထ စတင် ဆောက်လုပ်ခဲ့ကြသည်။

ကော့သောင်းအရုဏ်ဦးတေးဂီတ အဖွဲ့၏ လူငယ်ဂီတလှုပ်ရှားမှုများ ပြုလုပ် နေစဉ် ရှစ်လေးလုံးအရေးအခင်းကာလအတွင်း သပိတ်စခန်းဖွင့်ခဲ့သည်။

အရေးအခင်းကာလအပြီးတွင် လူငယ်ရိပ်သာကို အာဏာပိုင်တို့သိမ်းယူ လိုက်ပြီး ခရိုင်အဆင့် အာဏာပိုင်တို့ အဆက်ဆက်နေထိုင်ခဲ့ကြောင်း ကိုယဉ်ထွေးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရအဖွဲ့လက်ထက်တွင် ၎င်း အဆောက်အအုံကို လူငယ်ဂီတလှုပ်ရှား မှုများ ပြုလုပ်နိုင်ရန် ပြန်လည်တောင်း ခံခဲ့ရာ တိုင်းဒေသကြီးအစိုးရက ရိပ်သာ ပြန်ဖွင့်ခွင့်ပြုခဲ့သည်။

ကော့သောင်းလူငယ်ရိပ်သာမှာ ပိတောက်ရွှေဝါရပ်ကွက်၊ စုပေါင်းရုံးလမ်း တွင် တည်ရှိပြီး ဒီဇင်ဘာလ၁၄ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ဂီတအနုပညာလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက် ပိုင်းတွင် လူငယ်စင်တာပုံစံမျိုးဖြစ်လာ စေရန် လူငယ်လှုပ်ရှားမှုများ၊ အသိပညာ သင်တန်းများ ပြုလုပ်နိုင်ရေးအရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရ၏အကူအညီများ ရယူလုပ်ဆောင်သွားရန် ရည်ရွယ် ကြောင်း ဦးယဉ်ထွေးက ပြောသည်။

ကော့သောင်းမြို့ခံလူငယ်တစ်ဦး ကမူ ရိပ်သာတွင် စာကြည့်တိုက်၊ ကျန်းမာ ရေးလုပ်ရန် ခေတ်ပေါ်အားကစား ပစ္စည်း များထားပေးမည်ဆိုက ပိုကောင်းမည်ဟု ဆိုသည်။

“ကော့သောင်းမှာလူငယ်နဲ့ပတ်သက် တဲ့ အခုလိုအဆောင်တစ်ခုလိုနေတာ ကြာပါပြီ”ဟု အထက်ပါလူငယ်က ပြောသည်။

Dawei Watch