ခရီးသည်တင်ကားပေါ်တွင် ခရီးသည်အချင်းချင်း ဓားထိုးမှုဖြစ်

0
332

ကော့သောင်းမြို့မှ ထွက်ခွာလာ သည့် ခရီးသည်မှန်လုံယာဉ်ငယ်ပေါ်တွင် ကားပေါ်ပါခရီးသည်အချင်းချင်း ဓားထိုး မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နိုဝင်ဘာလ ၂၀ ရက်တွင် ကော့သောင်း မြို့မှ ထွက်ခွာလာသည့် ခရီးသည်တင် မှန်လုံကားငယ်သည် ကရသူရိမြို့ရှိ ဆီအုန်းခြံအနီးရောက်ချိန်တွင် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားက ကားရပ် ပေးရန် ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ယာဉ်မောင်းဖြစ်သူက ကားရပ်ပေး ချိန်တွင် အထက်ပါ အမျိုးသားက ၎င်း နှင့်ဘေးချင်းကပ် လိုက်ပါလာသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားကို အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားဖြင့် ထိုးခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ဓားဖြင့်ထိုးခံရသည့် အမျိုးသား၏ ရင်ဘတ်နှင့်ညှပ်ရိုးအောက်တွင် ဒဏ်ရာ များရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဓားဖြင့်ထိုးသည့် အမျိုးသားကို ကားအပြင်ဘက်သို့ဆွဲထုတ်၍ ဝိုင်းဝန်းဖမ်းဆီးစဉ် ကားပေါ်မှပြုတ်ကျကာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဒဏ်ရာရသည့် အထက်ပါ အမျိုးသား နှစ်ဦးကို ယင်းမှန်လုံယာဉ်ငယ်ဖြင့်ပင် ကရသူရိနယ်မြေရဲစခန်းသို့ ပို့ဆောင် ခဲ့ပြီး ယင်းမှတစ်ဆင့် ကရသူရိတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ခရီးသည်အချင်းချင်းဓားဖြင့်ထိုးခဲ့သည့် ပုလောမြို့နယ်၊ သရက်တစ်ပင် ကျေးရွာနေ အမျိုးသားကို ရာဇသတ် ကြီးပုဒ်မ- ၃၂၄ ဖြင့် ကရသူရိနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch