သပြေချောင်းရွာရှိ အထပ်သား စက်ရုံမီးလောင်

0
567

ထားဝယ်မြို့နယ်၊ သပြေချောင်း ကျေးရွာရှိ အထပ်သားစက်ရုံတွင် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီး မှူးထံမှ သိရသည်။

အထက်ပါနေ့ ညနေပိုင်းတွင် သပြေချောင်းကျေးရွာရှိ Dawei River အထပ်သားစက်ရုံတွင် မီးလောင်နေ ကြောင်း ဖုန်းသတင်း ရသည့်အတွက် မီးသတ်ယာဉ်နှစ်စီးနှင့် ရေသယ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ဆိုသည်။

အဆိုပါ အထပ်သားစက်ရုံရှိ လွှစာမှုန့်စုပ်စက်အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ပြီး လွှစာမှုန့်ဂိုဒေါင် ကို မီးလောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ် ဌာနထံမှ သိရသည်။

“လူသူထိခိုက်ဒဏ်ရာ ရရှိတာမျိုး တော့ မရှိပါဘူး”ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အထပ် သား စက်ရုံ၏ လွှစာမှုန့်ဂိုဒေါင်တာဝန်ခံ ဖြစ်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ – ၂၈၅ ဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ခရိုင်မီးသတ်ဌာန ထံမှ သိရသည်။

Dawei Watch