ကနိုင်းဒါရွာအနီးတစ်ဝိုက် တစ်ရက်အတွင်း ပိုက်ဆံအိတ် နှစ်ကြိမ်လုသူ ဖမ်းမိ

0
657

ထားဝယ်- မြိတ်ကားလမ်းပေါ်ရှိ ကနိုင်းဒါကျေးရွာအနီးတစ်ဝိုက်တွင် ဆိုင်ကယ်စီးလာသူများထံမှ တစ်ရက် အတွင်း ပိုက်ဆံအိတ် နှစ်ကြိမ်လုယက်သူ ကို မတ်လ ၁၆ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီခန့်က အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ထားဝယ်မြို့မှ သင်းကျွန်းရွာ သို့ ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ကနိုင်းဒါကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ အရောက်တွင် Click-I  စီး နင်းလာသည့် အမျိုးသားတစ်ဦးက အဆိုပါ အမျိုးသမီးကိုင်ထားသည့် ပိုက်ဆံကို လုယူသွားခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။

ယင်းနောက် အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် သင်းကျွန်းကျေးရွာနေ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထားဝယ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် ကူးတို့ကျေး ရွာနှင့် ကနိုင်းဒါကျေးရွာကြား အရောက် တွင် Click-I မောင်းနှင်သည့် အမျိုးသားတစ်ဦးက ပိုက်ဆံအိတ်ကို လုယူခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြသည်။

ပိုက်ဆံအိတ် လုယက်ခံရသည့် အမျိုးသမီးက အော်ဟစ်အကူအညီ တောင်းရာ ကဒင်ဝရွာအ၀င်လမ်းတွင် လုယက်သူကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လုယက်သူမှာ ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ၎င်းမှာ လုယက်မှုနှစ်ခုလုံးကို လုပ်ဆောင်ခဲ့ သည်ဟု စစ်ဆေးသိရှိရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။        

Dawei Watch