ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အတက်ကြွဆုံးဆု တစ်နိုင်ငံလုံးတွင် မြိတ်ခရိုင် ပထမရ

0
567

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အစီအစဉ် တွင် တက်ကြွဆုံးဆုကို မြန်မာတစ်နိုင်ငံ လုံးတွင် မြိတ်ခရိုင်က ပထမရရှိခဲ့ကြောင်း မြိတ်ခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

နှစ်စဉ်ချီးမြှင့်နေသည့် ယင်းအား ကစားဆုကို မတ်လ ၁၃ ရက်က နေပြည်  တော်တွင် ပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံးရှိ ခရိုင်အားလုံးကို ကျော်ဖြတ်ပြီး မြိတ် ခရိုင်က ရရှိသွားခြင်းဖြစ်ကြောင်း အထက် ပါဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးဇော်ဇော်ထွဋ်က ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ လူထု အားကစားလှုပ်ရှားမှုကို တနင်္သာရီတိုင်း အပါအ၀င် တိုင်းနှင့်ပြည်နယ်အားလုံး တွင် မြို့အဆင့်မှ ကျေးရွာအဆင့်အထိ ဆောင်ရွက်ခဲ့သည်။

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် မြိတ်ခရိုင်အနေဖြင့် ယင်းအားကစား လှုပ်ရှားမှုတွင် အခြားမြို့များထက် လူထု ပူးပေါင်းပါဝင်မှု အများဆုံးနှင့် အစော ဆုံး ကျင်းပနိုင်ခဲ့သဖြင့် အမှတ်အများ ဆုံးရရှိပြီး ပထမရခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ထွဋ်က ပြောသည်။

ယင်းဆုပေးပွဲတွင် ဒီဇင်ဘာ လူထု အားကစားလှုပ်ရှားမှု အစီအစဉ်၏ တိုင်း နှင့်ပြည်နယ် အဆင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အတက်ကြွဆုံးဆုများကို ပေးအပ်ခဲ့သည်။

တိုင်းနှင့်ပြည်နယ်အဆင့်တွင် ကယားပြည်နယ်က ပထမ၊  ပဲခူးတိုင်း ဒုတိယ၊ မန္တလေးတိုင်း တတိယ ရရှိပြီး ခရိုင်အဆင့်တွင် ဂန့်ဂေါ်ခရိုင်က ဒုတိ ယ၊ ပြင်ဦးလွင်ခရိုင်က တတိယနှင့် မြို့နယ်အဆင့်တွင် ဖြူးမြို့နယ်က ပထမ၊ ဒဂုံမြို့သစ်(ဆိမ့်ကမ်း)မြို့နယ်က ဒုတိယ၊ မတ္တရာမြို့နယ်က တတိယ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Dawei Watch