စမ်းလှမ်းရွာနှင့် စမတ်ကျွန်းတွင် ဆိပ်ခံတံတား ဆောက်မည်

0
871

ထားဝယ်ခရိုင်ရှိ စမ်းလှမ်းကျေးရွာ  နှင့်မြိတ်ခရိုင်ရှိ စမတ်ကျွန်းတို့တွင် ဆိပ်ခံတံတားများကို လာမည့်ဘဏ္ဍာ နှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ခရီး)ထံမှ သိရသည်။

စမ်းလှမ်းရွာတွင် အရှည်ပေ ၁၀၀ ခန့်နှင့် အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ် အမျိုးအစား အင်္ဂလိပ်အက်္ခရွှာ ပုံ    သဏ္ဌာန်ရှိ   ဆိပ်ခံတံတားကို ဆောက် မည်ဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးညိုအေးက ပြောသည်။

အဆိုပါ ဆိပ်ခံတံတား တည် ဆောက်ရန် တိုင်းအစိုးရထံ ကျပ်သိန်း ၁၅၀၀ တင်ပြတောင်းခံထားကြောင်း  အထက်ပါဌာနထံမှ သိရသည်။

နာမည်ကြီး လောင်းလုံးဘုတ် ကျွန်းသို့ သွားရောက်လည်ပတ်ရာတွင် စမ်းလှမ်းကျေးရွာမှတစ်ဆင့် လှေများ ဖြင့်သွားလာရပြီး လက်ရှိတွင် ဆိပ်ခံတံ တားမရှိသည့်အတွက် ခရီးသည်များ လှေပေါ်သို့တက်ရာတွင် အဆင်မပြေမှု များ ရှိသည်။

မြိတ်ခရိုင်အတွင်းရှိ စမတ်ကျွန်း တွင်မူ အရှည်ပေ ၃၀၀ ၊ အကျယ် ၁၅ ပေရှိ ရေပေါ်ဆိပ်ခံတံတား(Floating Jetty)  ပုံသဏ္ဍာန် တည်ဆောက်မည် ဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ တင်ပြတောင်းခံ ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

အထက်ပါ ဆိပ်ခံတံတားနှစ်စီးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင် တည်ဆောက်မည် ဖြစ်သည်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ တည်ဆောက်တဲ့ ဆိပ်ခံတံတားဆိုပေ မယ့် ခရီးသွားလုပ်ငန်းတစ်ခုတည်းအတွက်တော့ မဟုတ်ဘူးပေါ့၊ (ငါးလှေတွေ ပါ)အကုန်လုံး အသုံးချလို့ရတယ်”ဟု ဟိုတယ်။ခရီးဌာန တိုင်းဒေသကြီးဦးစီး မှူး  ဦးညိုအေးက ပြောသည်။

လောင်းလုံးဒေသတွင် ဆိပ်ခံတံ တားတစ်ခုရှိလာမည်ဆိုပါက ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာနိုင်ကြောင်း ထားဝယ် ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“ခုဆိုရင် ရေထဲဆင်းနေရတော့ လူ (ခရီးသည်)တွေက စိတ်ညစ်တဲ့ အပိုင်း တွေ အများကြီးကြုံနေရတာရှိတယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း တနင်္သာရီ တိုင်းသို့ နိုင်ငံခြားသားခရီးသွား  သုံးသိန်းခွဲကျော် (၃၅၈၇၃၂ ဦး) လာရောက် လည်ပတ်ခဲ့ကြောင်း တိုင်းဒေသကြီး ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာ န(ဟိုတယ်/ခရီး)ထံမှ သိရသည်။

ကိုဇော်