ကျွဲကူးတွင် လူနေတန်းလျား နှစ်ဆောင် မီးလောင်

0
595

မြိတ်မြို့နယ်၊ စန္ဒ၀တ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာတွင် လူနေတန်းလျားနှစ်ဆောင် မီးလောင်ကျွမ်းခဲ့သည်။

ဇန်န၀ါရီလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရီ ရပ်ကွက် သုံးခန်းတွဲ လူနေတန်းလျား နှစ်ဆောင် မီးလောင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျွဲကူးနယ်မြေ မီးသတ်စခန်းထံမှ သိရသည်။

အခန်းတစ်ခန်းရှိ မီးဖို မီးကြွင်းမီး ကျန်မှတစ်ဆင့် အနီးရှိ ၀ါးထရံကို ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

သုံးခန်းတွဲ နှစ်ဆောင် တန်းလျားတွင် လေးခန်းသာ လူများနေထိုင်ကြသဖြင့် မီးလောင်မှုကြောင့်  ထိခိုက်မှုမရှိသော်လည်း အိမ်ထောင်စု ၄ စုတွင် ကျား ၇ ဦးနှင့် မ ၄ ဦး စုစုပေါင်း ၁၁ ဦး မီးဘေးသင့်ခဲ့ ရကြောင်း စန္ဒ၀တ်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးမောင်ဌေးက ပြောသည်။

“ပစ္စည်းတွေတော့ အားလုံးဆုံးရှုံး သွားတယ်”ဟု ၎င်းက ပြောသည်။

မီးလောင်သည့်အိမ်အနီး၌ တစ်ခြားအိမ်များ မရှိသဖြင့် ငြိမ်းသတ်ရလွယ်ကူသွား ကြောင်း ကျွဲကူးရွာသားတစ်ဦးက ပြော သည်။

“မီးသတ်ရော အရပ်သားပါ လူ အယောက် ၅၀ လောက်နဲ့ ၀ိုင်းငြိမ်း လိုက်တာ”ဟု ၎င်းက ဆိုသည်။

 

                               Dawei Watch