ခရိုင်၊ မြို့နယ်အဆင့် လူငယ်ရေးရာ ကော်မတီများကို ခြောက်လအတွင်းဖွဲ့မည်

0
539

တိုင်းအတွင်း ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများကို ခြောက်လအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုဟိန်းထက်က ပြောသည်။
ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကော်မတီများတွင် လူငယ်ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းနှင့် အစိုးရကိုယ်စားလှယ် ၄၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ လ ၁၆ ရက်မှ လာမည့်အချိန်ခြောက်လ အတွင်း အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ပြည်ထောင်စု ကိုယ်စားလှယ်လည်းဖြစ်သည့် ကိုဟိန်းထက်က ပြောသည်။
ယင်းအချိန်ကာလအတွင်း ခရိုင်နှင့် မြို့နယ်ကော်မတီများဖွဲ့စည်းသည့်နည်းတူ တိုင်းဒေသကြီးလူငယ်ရေးရာမဟာဗျူဟာ စီမံကိန်းကိုလည်း ရေးဆွဲမည်ဖြစ်ကြောင်း ကိုဟိန်းထက်က ပြောသည်။
“ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး မဟာဗျူဟာစီမံကိန်းတွေကို အကောင်အထည် ဖော်မယ့် အစုအဖွဲ့တွေဖြစ်လာမယ်”ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာခရိုင်၊ မြို့နယ် အုပ်ချုပ် ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လူငယ်ကိုယ်စားလှယ်များအနက် တစ်ဦးကအတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ကိုဇော်