ငါးခိုးဖမ်းလှေများအား မှတ်တမ်းယူစဉ်က အန္တရာယ်ပြုမှု ကြုံတွေ့ခဲ့ရဟု ဦးဇော်ဟိန်းဆို

0
404

ဒရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးတွင်ဝင်ရောက်ငါးခိုးဖမ်းနေသည်ကို ကွင်းဆင်းမှတ်တမ်းယူခဲ့ချိန်က ကမ်းဝေး ငါးခိုးဖမ်းလှေများ၏ အန္တရာယ်ပေးမှု ကြုံတွေ့ခဲ့ရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဟိန်းက ပြောသည်။
ကမ်းဝေးငါးဖမ်းလှေများ ဥပဒေမဲ့ ငါး ခိုးဖမ်းနေသည်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပင်လယ်ပြင်တွင် ကွင်းဆင်းအထောက် အထားယူခဲ့ချိန်က ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဦးဇော်ဟိန်းက ဆိုသည်။
ကမ်းဝေးလှေများနောက်သို့ လိုက်ချိန်တွင် ဆက်မလိုက်နိုင်စေရန် ရေလှိုင်းများကြီးဖြစ်အောင် ခုတ်မောင်းခြင်း၊ လှေပန်ကာ ဖြင့်ငြိစေရန် ပိုက်အစုတ်များပစ်ချခြင်း တို့ကို ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။
“လှေကလည်းသေးတော့ မြုပ်ရင်လည်း မြုပ်သွားအောင်ပေါ့”ဟု ဦးဇော်ဟိန်းက ဆိုသည်။
ယင်းသို့ ကွင်းဆင်းခဲ့ပြီးနောက် စည်းပျက် ကမ်းဝေးငါးဖမ်းလှေ ၁၀ စီးကို သက်သေအထောက်အထားများဖြင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက တိုင်ကြားခဲ့သည်။

 

မြင့်မိုရ်(မြိတ်)