ကျူးကျော်နေထိုင်မှုများကြောင့် ရပ်ကွက်အတွင်းရှိ ချောင်းအချို့ ပျောက်ကွယ်လုနီးဟုဆို

0
435

ကျူးကျော်နေထိုင်သူ များပြားလာ ခြင်းကြောင့် မြိတ်မြို့ရပ်ကွက်များရှိ ချောင်းအချို့ တိမ်ကော ပျောက်ကွယ်လုနီး ဖြစ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။

ယခင်က ချောင်းအကျယ် ပေ ၁၀၀၊ ပေ ၆၀ ခန့်ရှိသည့် ချောင်းအချို့မှာ အကျယ် ပေ ၁၀၊ ၁၅ ပေ ခန့်သာ ကျန်တော့ ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

“တချို့ချောင်းတွေဆိုရင် လုံးဝ ပျောက်သလောက် အနေအထား ရှိနေတယ်”ဟု ၎င်းင်းက ဆိုသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာ အုပ်စုတွင် ချောင်းအတွင်း ကျူးကျော်နေထိုင်သူ အများဆုံးဖြစ်ကြောင်း စည်ပင်ကော်မတီမှ သိရသည်။

မြိတ်တောင်ကျေးရွာအုပ်စုတွင် အခြေခံလူတန်းစားများ အများဆုံးနေ ထိုင်ကြသည်။

မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင်စက်မှုဇုန် ချမ်းမြေ့သာယာရပ်ကွက် ရှိ ချောင်းအတွင်းနေထိုင်သည့် အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက မြေကွက် ကို အသိတစ်ယောက်ထံမှ ၀ယ်ယူပြီးနေ ထိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ခန့်က ချောင်းနံဘေးကပ်ရှိ မြေတစ်ကွက်လျှင် ငွေနှစ်သိန်းကျပ်နှုန်းဖြင့် ၀ယ်ယူကာ နေအိမ်ဆောက်လုပ် နေထိုင်ခဲ့ကြောင်း ရာပြည့်ရပ်ကွက်နေသူတစ်ဦးက ပြောပြ သည်။

အဆိုပါ ချောင်းနံဘေးနေအိမ်များမှ အိမ်၏အနောက်(ချောင်းအတွင်း)သို့ အိမ်သာ၊ ရေချိုးခန်း၊ ထမင်းချက်ခန်းနှင့် အဖီအဆွယ်များ တိုးချဲ့ဆောက်လုပ်ခဲ့ ကြသဖြင့် ချောင်းများမှာ ပျောက်ကွယ်နေ ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ရာပြည့်ရပ်ကွက်အတွင်း ရှိ ချောင်းတစ်ခုအတွင်း နေအိမ်များ ပြည့်သိပ်နေပြီး လမ်းများမှာ ကွန်ကရစ် လမ်းများ ခင်းကျင်းထားပြီးဖြစ်သဖြင့် အိမ်အပါမြေတစ်ကွက်လျှင် ကျပ်သိန်း ၁၅၀ ၀န်းကျင်ခန့်ဖြင့် အရောင်းအ၀ယ် များလည်းရှိနေကြောင်း ယင်းရပ်ကွက် အတွင်းနေသူတို့မှ သိရသည်။

မြိတ်တောင်ကျေးရွာအုပ်စုရှိ ချောင်း များအပြင်း မြိတ်တောင်ရပ်ကွက်အတွင်း ရှိ ချောင်းတစ်ချို့မှာ ပျောက်ကွယ်နေရပြီး

မြို့တွင်းရပ်ကွက်တစ်ချို့ရှိ ချောင်းငယ် များမှာ တဖြည်းဖြည်း ကျဉ်းမြောင်း လာနေကြောင်း ယင်းရပ်ကွက်နေသူတစ်ချို့က ဆိုကြသည်။

ကျူးကျော်နေထိုင်သူများအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်း၊ စည်ပင်အဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေး မှူးတို့ ပူးပေါင်းကွင်းဆင်းပြီး စာရင်းများ ကောက်ယူနေကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ဆိုသည်။

ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင်ခန့်က ရပ်ကွက်အတွင်း ချောင်းမြေကို သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ချို့က ရောင်းချမှုများရှိခဲ့ကြောင်း မြိတ်တောင်ရပ်ကွက်နေသူတစ်ချို့ထံမှ သိရသည်။

သက်ဆိုင်ရာဌာနများမှ အရေးယူ ဆောင်ရွက်မှု အားနည်းရသည့်အတွက် ကျူးကျော်နေသူ များပြားလာသည့် အနေအထားသို့ ရောက်ရှိလာခဲ့ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

“တကယ်လို့ လုပ်နေမယ်ဆိုရင် ဒီလိုအန်မတန်များပြားတဲ့ အနေအထား ရောက်ရှိလာမှာ မဟုတ်ဘူး”ဟု ဦးမြတ်ကိုကို က ပြောသည်။

ချောင်းအတွင်း နေထိုင်မှုများ သက်ဆိုင်ရာဌာနများမှ အရေးယူမှုများ ပြုလုပ်နေပါက ကျူးကျော်နေထိုင် များပြားလာလိမ့်မည် မဟုတ်ပေ။

ကျုးကျော်နေထိုင်သည့် အရေအတွက် များပြားနေသော်လည်း စာရင်းကောက် ယူနေချိန်ဖြစ်သဖြင့် စာရင်းအတိအကျ အတည်မပြုနိုင်သေးကြောင်း ဦးမြတ်ကိုကို က ဆိုသည်။

ယင်းချောင်းများ တိမ်ကောပျောက် ကွယ်လာပါက မြိတ်မြို့၏ ရေစီးရေလာ အတွက် အန်္တရာယ်ရှိလာနိုင်မည်ဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

 

                   Dawei Watch