လောင်းလုံး ပဲ့စင်ကျွန်းတွင် အပန်းဖြေစခန်းဆောက်မည့်ကိစ္စ ဒေသခံများထံ ထောက်ခံလက်မှတ် ကောက်ခံနေ

0
536

လောင်းလုံးမြို့နယ်ရှိ တောကျဲ-သ၀င်ကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်းတွင် အပန်းဖြေစခန်းဆောက်မည့် ကိစ်္စအတွက် ကုမ်္ပဏီတစ်ခုက ဒေသခံအုပ်ချုပ်ရေးမှူး မှတစ်ဆင့် ယင်းကျေးရွာသားများထံ ထောက်ခံလက်မှတ် ကောက်ခံနေ ကြောင်း ယင်းဒေသခံအချို့ထံမှ သိရ သည်။
ထောက်ခံလက်မှတ်ကို တောကျဲ-သ၀င်ကျေးရွာအုပ်ချုပ်ရေးမှူးက ကောက်ခံပေးနေခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၉ ရက်အထိ လက်မှတ် ၂၀၀ နီးပါး ရရှိ နေပြီဖြစ်ကြောင်း ယင်းဒေသခံအချို့နှင့် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“ကုမ္ပဏီဝန်ထမ်းတွေလာပြီး ဟော ပြောသွားတယ်။ ဒီကုမ်္ပဏီတွေကို နိုင်ငံတော်ကနေပြီး အသိအမှတ်ပြုပြီး လွှတ်လိုက် တာ ဆိုတော့ တို့လည်းယုံကြည်လို့ (ထောက်ခံလက်မှတ်) လိုက်ကောက်ပေး နေတာ”ဟု တောကျဲ-သ၀င်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောသည်။
ပဲ့စင်ကျွန်း အပါအ၀င် လောင်းလုံး မြို့နယ်ရှိ ကမ်းခြေလေးခုတွင် အပန်ဖြေ စခန်းဆောက်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်လျှောက်ထားမှုကို အလွယ်တကူ ခွင့်မပြုရန် တိုင်းအတွင်း အရပ်အဖွဲ့အစည်း ၁၇ ဖွဲ့က သဘေားထာကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းသဘေားထားကြေညာချက် ကို ဇန်န၀ါရီလ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်အကြာ ဇန်န၀ါရီ ၈ ရက်တွင် ယင်းကဲ့သို့ ထောက်ခံလက်မှတ်များ လိုက်လံကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ပဲ့စင်ကျွန်းတွင် အပန်ဖြေစခန်း ဆောက်နိုင်ပါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဝင်ငွေရရှိမည့်အပြင် ဒေသခံ များလည်း အလုပ်အကိုင်အခွင့်အလမ်း များ ရရှိမည်ဖြစ်ကြောင်း ကုမ္ပဏီဖက်မှ လာပြောဆိုသဖြင့် ယင်းကဲ့သို့ ထောက်ခံ လက်မှတ် ထိုးပေးခြင်းဖြစ်ကြောင်း ဒေသခံ ဦးစုထွန်းက ပြောသည်။
“ကိုယ့်ဒေသကောင်းကျိုးဖြစ်မယ် ဆိုလို့ လက်မှတ်ထိုးပေးတာ။ ဆိုးကျိုး တစ်ခုခု ရှိမယ်ဆိုရင် လက်မှတ် ဘယ်ထိုး မလဲ”ဟု ဦးစုထွန်းက ဆိုသည်။
တီဇစ်ကျေးရွာ ရေလုပ်သားများအပါ အ၀င် ရေလုပ်သာ ၃၈၅ ဦးကမှု အသက် မွေးဝမ်းကျောင်းလုပ်ငန်းအရ ပဲ့စင်ကျွန်း ကို မီခိုကာ လုပ်ကိုင်စားသောက်နေရ သဖြင့် ယင်းကျွန်းတွင် ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း လုပ်ဆောင်မှုကို လက်မှတ်ထိုး ကန့်ကွက်ထားသည်။
ယင်းအပြင် ကုမ္ပဏီဘက်မှ ပဲ့စင်ကျွန်း တွင် ဆောက်လုပ်မည့် အပန်ဖြေစခန်း နှင့်ပတ်သတ် သေခြာရှင်းလင်းစွာ လာရောက် မရှင်းပြသေးသဖြင့် လက်မှတ်မထိုးသူများလည်းရှိနေကြောင်း ဒေသခံအချို့ထံက သိရသည်။
“ကျွန်တော်တို့ကတော့ ဘုမသိ ဘမသိဘဲနဲ့တော့ လက်မှတ်မထိုးနိုင် ဘူးပေါ့။ လာလုပ်မယ့် ကုမ်္ပဏီအနေနဲ့ ရှင်းပြနိုင်မှ ကျွန်တော်တို့အနေနဲ့ (လက်မှတ်) ထိုးသင့် မထိုးသင့်ကို စဉ်း စားရမယ်”ဟု တောကျဲရွာသား ကိုကျော်မင်းက ဆိုသည်။
ဇန်နာဝါရီလ ၁၂ ရက်ကမှု ကုမ္ပဏီ တာဝန်ရှိသူအချို့က တောကျဲကျေးရွာနှင့် သ၀င်ကျေးရွာအတွက် ဒေသဖွံ့ဖြိုးရေး အတွက်ဟု ဆိုကာ ငွေကြေးလာရောက် ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တောကျဲ- သ၀င်ကျေးရွာ အုပ်ချုပ်ရေး မှူး အပါအ၀င် ဒေသခံအချို့မှာ ပဲ့စင်ကျွန်း တွင် အပန်ဖြေစခန်းဆောက်မည့် ကုမ္ပဏီ နာမည်ကို မသိရှိကြသည့်အပြင် ပဲ့စင်ကျွန်း ကိုလည်း ယခင်က မကြားဖူးခဲ့ကြောင်း ပြောဆိုသည်။
ပဲ့စင်ကျွန်းကို ရန်ကုန်မြို့ရှိ Excellent Fortune Development Group ကုမ္ပဏီက ခရီးသွားလုပ်ငန်းများ၊ အပန်း ဖြေ ၀န်ဆောင်မှုလုပ်ငန်းများ၊ ဇိမ်ခံ သင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်း လုပ်ရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း အသုံးပြုခွင့် လျှောက်ထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ပဲ့စင်ကျွန်းတွင် အပန်ဖြေစခန်းဆောက်မည့်အပေါ် ထောက်ခံ လက်မှတ်ထိုးပေးထားသူများအနက် အချို့မှာ မသိနားမလည်သဖြင့်သာထိုး ပေးထားသည်ဟုထင်ကြောင်း ကိုကျော်မင်းက ပြောသည်။
“ဒီလက်မှတ်တစ်ချက် ထိုးပေးတာသည် တစ်ချိန်မှာ ကိုယ့်ရင်ဝကို ပြန်စူး တတ်တယ်”ဟု ကိုကျော်မင်းက ဆိုသည်။