ရာထူးအပြောင်းအလဲသတင်းများနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် မေးမြန်းချက်

0
1041

တနင်္သာရီ။ ။ ထုတ်ပြန်ကြေညာလိုက်ရတဲ့အခြေအနေ(သတင်းများနှင့် ပတ်သက်၍)မှာ ဝန်ကြီးချုပ်အနေနဲ့ ဘာများ ပြောချင်ပါသလဲရှင့်။

ဒေါက်တာလဲ့လဲ့မော် ။ ။ ကျွန် မကတော့ စိတ်မဝင်စားပါဘူး။ ကျွန်မတို့ လုပ်နေတာ ပြည်သူအတွက် လုပ်နေ တာပဲ။ ဟုတ်တယ် မဟုတ်လား။ သူတို့ ကောလာဟလလုပ်တာကို ယုံတဲ့သူက ကောလာဟလ ပြောတဲ့လူရဲ့ ခြေဖဝါး အောက်မှာပဲ ရှိမှာပေါ့။ ဟုတ်တယ်နော်။ ကောလာဟလ ထုတ်ပြန်နေတဲ့စကားတွေ ကို ယုံတဲ့လူက ကောလာဟလပြောတဲ့လူ ရဲ့ ခြေဖဝါးအောက်မှာပဲ ရှိမှာ။ လူတစ် ယောက်ရဲ့စကားကို အခုက သမီးက အန်တီ ပြောစကားကို ယုံလိုက်ရင် အန်တီနဲ့ သမီး နဲ့က Partner (မိတ်ဖက်) ဖြစ်သွားပြီ။ ထိုနည်းတူစွာပဲ ကောလာဟလပြောတဲ့ လူရဲ့စကားကို ယုံတဲ့လူက ကောလာဟလ ပြောတဲ့ အဆင့်လောက်ပဲ ရှိတယ်လို့ အန်တီတို့က သုံးသပ်ပါတယ်။

တနင်္သာရီ။ ။ အဲဒီအပေါ်မှာရော အန်တီ့ အနေနဲ့ ဘာများတုံ့ပြန်ဖို့ ရှိသလဲ။
ဒေါက်တာလဲ့လဲ့မော်။ ။ တုံ့ ပြန်စရာ မလိုပါဘူး။ အန်တီက ကောလာ ဟလကို ယုံတဲ့သူမှမဟုတ်တာ။ သူနဲ့ အန်တီနဲ့က Partner မဟုတ်ဘူးလေ။ သူ့ကို ဘာတုံ့ပြန်စရာလိုလဲ။

တနင်္သာရီ။ ။ ဘယ်သူကများ စပြီးတော့ အဲဒီလိုမျိုး (ဖြတ်၍ ဖြေ)

ဒေါက်တာလဲ့လဲ့မော်။ ။ အဲဒါ ကတော့ h I don’t know.. မသိဘူး။ အန် တီကတော့ ဟိုရန်ကုန်မှာ အဲ နေပြည် တော်မှာ အစည်းအဝေး သွားတက်နေတာ။ အစည်းအဝေးတက်နေတာ အန်တီက ဒီမှာ မရှိဘူးဆိုတော့ အန်တီလည်း မ သိဘူး။ ဘယ်သူက Initiate(စဖြန့်) လုပ်လဲ။ ဘယ်သူကပဲ ဒါကို ပြန့်အောင် ဖြန့်လဲ။ အဓိကကတော့ တို့ပါတီကို မ နာလိုတဲ့လူလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှ မဟုတ်ရှိရင်လည်း ပါတီက ရွေးချယ်ထား တဲ့ အစိုးရကို မထောက်ခံတဲ့လူလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း Personal (ပုဂ္ဂိုလ်ရေးအရ) ကျွန်မနဲ့ ဒီ …ပေါ့ လုပ်ရင်းကိုင်ရင်းနဲ့ ထိပ်တိုက် တွေ့တဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ် ရင်ဖြစ်မှာပေါ့။ အန်တီတို့ကတော့ စည်း မျဉ်းစည်းကမ်းဥပဒေတွေနဲ့ လုပ်ရတာ ဆိုတော့ Personal ထိပ်တိုက် တွေ့နိုင် တယ်လေ။ ဟုတ်တယ် မဟုတ်လား။ အ ခုကျွန်းလိုချင်တဲ့လူ။ သူလိုချင်တဲ့ကျွန်းက ဥပဒေအရ မပေးနိုင်ဘူးဆိုရင် အန်တီနဲ့ ထိပ်တိုက်တွေ့ပြီပေါ့။ ဟုတ်တယ်နော်။ ဟုတ်တယ် နားလည်တယ်နော်။