မက်လုံးပေး ရှယ်ယာလိမ်လည် ရောင်းချနေကြသည်(တနင်္သာရီတွင် ရှယ်ယာရောင်းခွင့်ရှိသည့် ကုမ္ပဏီ ၄ ခုသာရှိ)

0
495

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက လတ်တလော ထုတ်ပြန်လိုက်သည့် စာရင်းများအရ တနင်္သာရီတိုင်းအတွင်းရှိ ကုမ္ပဏီများ အနက် ကုမ္ပဏီ ၄ခုသာ အစုရှယ်ယာ ရောင်းချခွင့် ရှိသည်။

ယင်းကုမ္ပဏီများမှာ ထားဝယ် ခရိုင်ရှိ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်၊ ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီလီမိတက်နှင့် မြိတ်ခရိုင်ရှိ မြိတ် အများပိုင် ကော်ပိုရေးရှင်း လီမိတက်နှင့် မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအများ နှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုမ္ပဏီအချို့က ပြည်သူများကို မက်လုံးမျိုးစုံပေးကာ ငွေကြေးရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် အစုရှယ်ယာ ရောင်းချခြင်းများရှိနေသဖြင့် ရှယ်ယာ ရောင်းချခွင့်ရှိသည့် အများပိုင်ကုမ္ပဏီ ၅၉ ခု၏ စာရင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလ အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

အများပိုင်ကုမ္ပဏီများအနေဖြင့် ချေးငွေ သက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ခွင့်ပြုချက် လက်မှတ်မရှိဘဲ အများပြည်သူအား အစုရှယ်ယာ ရောင်းချပါက ကုမ္ပဏီကို အမည်ပျက်စာရင်းသွင်းသည်အထိ အရေးယူနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ဒေါက်တာထွန်းထွန်းက ဆိုသည်။

ငွေကြေးသက်သေခံ ခွင့်ပြုချက် လက်မှတ်မရှိပါက ကုမ္ပဏီတည် ထောင် သူ အဖွဲ့ဝင်အချင်းချင်းသာ ရှယ်ယာ ရောင်းခွင့်ရှိပြီး ယင်းကဲ့သို့ ရောင်း ချပါ ကလည်း DICA သို့အကြောင်း ကြားရန် လိုအပ်ကြောင်း ၎င်းက ပြော သည်။
တနင်္သာရီတိုင်းအတွင်း ယင်း ကုမ္ပဏီ ၄ခုမှလွဲ၍ မည်သည့် ကုမ္ပဏီမျှ အစုရှယ်ယာ ရောင်းချခွင့် မရှိပေ။
အများပြည်သူသို့ ရှယ်ယာ ရောင်းချမည်ဆိုက အများပိုင် ကုမ္ပဏီ လိုင်စင်အပြင် ချေးငွေသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော် မရှင်၏ ခွင့်ပြုချက် လက်မှတ် ရှိရမည် ဖြစ်သည်။

သို့သော် အများပိုင်ကုမ္ပဏီ မဟုတ် သည့်အပြင် ချေးငွေသက်သေခံ ခွင့်ပြု ချက် လက်မှတ်မရှိသည့် အဖွဲ့အစည်း များက တနင်္သာရီ တိုင်းအတွင်း အွန်လိုင်း အင်တာနက်မှ တစ်ဆင့်သော်လည်း၊ ဟိုတယ်တွင် အခမ်းအနားဖြင့်လည်း ကောင်း အစုရှယ်ယာရောင်းချရန် မက်လုံးအမျိုးမျိုးပေးကာ ဆွဲဆောင် လျက်ရှိသည်။
Coinspaceကုမ္ပဏီ၊ Saxon Capital Limited (SCL) I Glob Ad အစရှိသည့် အွန်လိုင်းအခြေပြု ကုမ္ပဏီများသည် နည်းလမ်း အမျိုး မျိုးဖြင့် မက်လုံးပေးကာ ရင်းနှီးမြှုပ်နှံရန်၊ အစုရှယ်ယာဝင်ရန် ဖိတ်ခေါ်လျက် ရှိ သည်။
ဥပမာ-ငွေ ကျပ် ၅သိန်းကို ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြင့် ၁၀ ရက်လျှင် ကျပ်၅ သောင်းအထိ ပြန်ရနိုင်မည်၊ လအနည်းငယ်အတွင်း နှစ်ဆ တိုးပွား စေရမည်စသဖြင့် မက်လုံးများ ဖြင့် ဆွဲဆောင်လျက်ရှိသည်။

၎င်းအပြင် အမည်အမျိုးမျိုး တပ် ထားသည့် ဒစ်ဂျစ်တယ် ငွေဒင်္ဂါး (Coin) များကို နိုင်ငံခြား ငွေပေါက် ဈေးဖြင့် ဝယ်ယူရပြီး ဈေးကွက် ဖွင့် ချိန်တွင် အမြတ်များများဖြင့် ပြန်လည် ရောင်းချနိုင်သည်ဟုဆိုကာ မက်လုံးပေး ရောင်းချမှုများလည်း ရှိသည်။
Coinspace၊ အိုင်ဂလိုဘယ် ( I Glob Ad) စသည့်ကုမ္ပဏီများတွင် တနင်္သာရီတိုင်းသူတိုင်းသား အချို့က အစုရှယ်ယာ ဝယ်ယူထားကြသည်။

ရှယ်ယာဝယ်ယူထားသူများက တစ်နှစ်အတွင်း ငွေအရင်း၏ ၃ ဆခန့် ရရှိကြမည်ဟု မျှော်လင့်နေကြသည်။
“ယုံကြည်မှုဆိုတာထက် မျှော်လင့် ချက်ပိုထားတယ်”ဟု လွန်ခဲ့သည့် ၄ လခန့်က ဃသငညျစခေန တွင် ကျပ် ၁၀ သိန်းခန့် အစုရှယ်ရှယ်ရာ ဝယ်ထား သည့် ကော့သောင်းမှ ဦးမြတ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ယင်းကဲ့သို့ ဆွဲဆောင်မှုများ ကြုံတွေရပါက ချေးငွေ သက်သေခံ လက်မှတ်လုပ်ငန်း ကြီး ကြပ်ရေး ကော်မရှင်၏ ခွင့်ပြုချက် လက်မှတ် ရှိ/မရှိ၊ ကုမ္ပဏီကို တရားဝင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ဗဟိုဘဏ် ၏ တရားဝင် ထောက်ခံချက် ရှိ/ မရှိ အစရှိသည့် အချက်များကို မေးမြန်း စိစစ်သင့်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးက အကြံပြုသည်။
“ဒီလိုမျိုးကြုံလာရင် အဲဒီကုမ္ပဏီ ဟာ တရားဝင် မှတ်ပုံတင် ထားတာရှိ လား၊ ခိုင်မာမှု ရှိလားဆိုတာ လာမေး နိုင်ပါတယ်”ဟု ဒေါက်တာ ထွန်းထွန်း က ပြောသည်။

အွန်လိုင်းအခြေပြု ရှယ်ယာ ရောင်းချသည့် ကုမ္ပဏီများနှင့် ရှယ်ယာ ရောင်းခွင့်မရှိသည့် အများပိုင် ကုမ္ပဏီ များအကြောင်းကို ပြည်သူများကို အသိ ပညာပေးခြင်းများ လုပ်ဆောင် ရန်ရှိ ကြောင်း ဒေါက်တာထွန်းထွန်းက ဆို သည်။
ငွေကြေးအစုရှယ်ယာများ ရောင်းချ သော ကုမ္ပဏီတစ်ခုဖြစ်သည့်Saxon Capital Limited(SCL) ကုမ္ပဏီသည် တနင်္သာရီ တိုင်းအပါအဝင် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း တို့တွင် အစုရှယ်ယာများ လိမ်လည်ရောင်းချ လျက်ရှိ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ယခုနှစ် အတွင်း ထုတ်ပြန်ထားသည်။