ဘန်းချောင်းကျောက်မီးသွေးမိုင်းကြောင့် ပျက်စီးခြံ လျော်ကြေး စပေး

0
357

တစ်ပတ်အတွင်း ပေးဆောင်ရန် ကတိပြုခဲ့သည့် ဘန်းချောင်းဒေသ၊ ကွမ်းချောင်းကြီးရွာ၊ ကျောက်မီးသွေး မိုင်းအနီးရှိ ကွမ်းခြံမှ ကွမ်းပင်များ ပျက်စီး မှုအတွက် လျော်ကြေးကို ကုမ္ပဏီဘက်က သုံးလကျော်ကြာမှ စတင် ပေးဆောင် ခဲ့ကြာင်း သိရသည်။
ကျောက်မီးသွေးတူးဖော်ရာမှ ထွက်လာသော ရေဆိုးရေညစ်များနှင့် နုန်းမြေများကြောင့် ပျက်စီးခဲ့သော ကွမ်းပင် ၁၃၈ ပင်အတွက် လျော်ကြေး ငွေ ကျပ်သိန်း ၁၅၀ကို မြန်မာမေဖလား ဝါးမိုင်းနင်းကုမ္ပဏီက ခြံပိုင်ရှင် စောထဲ ဒေအား ပေးချေရန် စက်တင်ဘာလ ၁၂ရက်တွင် နှစ်ဦးနှစ်ဘက် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းနေ့တွင် ကျပ်သိန်း ၁၀၀ ပေးချေခဲ့သည်။

ကျန် ကျပ်သိန်း ၅၀ကို ယခုနှစ် ဒီဇင်ဘာလ ၁၅ရက် နောက်ဆုံးထား ပေးချေရန် နှစ်ဦးနှစ်ဘက် သဘောတူ ထားကြောင်း စောထဲဒေက ပြောသည်။
ယင်းသို့ လျော်ကြေးပေးမည့် ကိစ္စ ကို လွန်ခဲ့သည့် မေလ ၂၆ရက် ကတည်း က တစ်ပတ်အတွင်းပေးရန် ကုမ္ပဏီ ဘက်က သဘောတူခဲ့သော်လည်း ယခု ၃လကျော်ကြာပြီးမှ လျော်ကြေး စတင် ပေးခဲ့ခြင်း ဖြစ်သည်။

ခြံပိုင်ရှင်နှင့် ကုမ္ပဏီ၏ လျော်ကြေး သဘောတူစာချုပ်တွင် နုန်းမြေစီးဆင်း သည့် ရေစီးမြောင်း အနီးတစ်ဝိုက် ကွမ်း ပင်များ ထပ်မံထိခိုက်ပျက်စီးပါက ကုမ္ပဏီ ဘက်မှ တာဝန်ယူရမည်ဟု ကတိခံ ထားကြောင်း စောထဲဒေက ဆိုသည်။
စာချုပ်ကို ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ သက်သေများ ရှေ့ မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရသည်။

“လက်ရှိတော့ ကျေနပ်တယ်၊ နောက်ထပ် (ကွမ်းပင်တွေ) သေရင် ကုမ္ပဏီက ထပ်လျော်ပေးဖို့ လိုတာပေါ့”ဟု စောထဲဒေက ပြောသည်။
မေလ ၂၆ ရက်တွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးမြင့်မောင်နှင့်အဖွဲ့ ယင်းကျောက်မီး သွေးလုပ်ကွက်သို့ သွားရောက် စစ်ဆေး စဉ်က ကျောက်မီးသွေး တူးဖော်မှုကြောင့် ဥယျာဉ်ခြံ ပျက်စီးမှုအတွက် ထိခိုက် နစ်နာသည့် ရွာသားအား တစ်ပတ် အတွင်း လျော်ကြေးပေးရန် အပါအဝင် စွန့်ပစ်မြေစာ မီးမလောင်စေရေး၊ ရွာ သားများ၏ ကျန်းမာရေး စစ်ဆေးပေးရေး စသည့် အချက် ၁၁ ချက်ကို လိုက်နာပါ မည်ဟု ကုမ္ပဏီဘက်မှ သဘောတူခဲ့သည်။

အဆိုပါ အချက် ၁၁ ချက်တွင် ကုမ္ပဏီဘက်မှ လျော်ကြေး ကိစ္စအပါ အဝင် အချက် ၄ချက်ကိုသာ ကောင်းစွာ လုပ်ဆောင်သည်ကို တွေ့ရပြီး ကျန် အချက်များကိုမူ ကောင်းစွာ မလုပ်ဆောင် ထားဟု ဘန်းချောင်းဒေသ ပြည်သူလူထု တည်တံ့ခိုင်မြဲရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဥက္ကဋ္ဌ စောတင်ဦးက ပြောသည်။

လက်ရှိတွင် ကုမ္ပဏီအား ကျောက် မီးသွေးတူးဖော်ခွင့် ရပ်ဆိုင်းထားပြီး ကုမ္ပဏီဘက်မှ လိုက်နာလုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဒေသ ခံတို့၏ တောင်းဆိုချက်များအား ကတိ ပေးထားသည့်အတိုင်း အကောင်အထည် ဖော်ပြီးသည်အထိ ဆက်လက် ရပ်ဆိုင်း သွားမည်ဟု ဝန်ကြီးက ပြောဆိုထားသည်။