သုံးစွဲရန်မသင့် အလှကုန် တွင်ကျယ်စွာ ရောင်းချနေဆဲ

0
397

ဓာတုပစ္စည်းပါဝင်သည့်အတွက် သုံးစွဲရန် မသင့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်း အချို့ကို ထားဝယ်ဈေးကွက်တွင် တွင် ကျယ်စွာ ရောင်းချနေကြဆဲ ဖြစ်သည်။
အဆိပ်သင့် ဓာတုပစ္စည်း ပြဒါး ပါဝင်သည့်အတွက် FDA က သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် မျက်နှာကို ဖြူဝင်းစေသည်ဆိုသော အလှကုန်များ (နေ့ ‘ည လိမ်း ခရင်မ်’ကို ထားဝယ်မြို့ရှိ စတိုးဆိုင်ကြီး အချို့၊ ဈေးဝယ်စင်တာအချို့နှင့် ကုန်စုံဆိုင် များတွင် ရောင်းချလျက်ရှိသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသည့် အဆိုပါ အလှကုန် ပစ္စည်းများကို သုံးစွဲရန်မသင့်ကြောင်း မသိသည့်အတွက် လက်ရှိအချိန်ထိ သုံးစွဲခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်နေ အသက် ၂၃နှစ် ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။
သုံးစွဲရန်မသင့်ကြောင်း ကြေညာ ထားသည့် အလှကုန်ရောင်းချနေမှုများကို ဈေးကွက်အတွင်း ရှာဖွေကာ သိမ်းဆည်း မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

“ဆက်ပြီး အရေးယူ၊ မယူကိုတော့ ကော်မတီကို တင်ပြသွားမယ်၊ ကော်မ တီ ဆုံးဖြတ်ချက်အတိုင်း လုပ်သွားမယ်” ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။
ပြဒါးကို သုံးစွဲပါက အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီ ကွက်များဖြစ်ခြင်း၊ စိတ်ကျရောဂါဖြစ် ခြင်းနှင့် ရေရှည် သုံးစွဲပါက ကျောက် ကပ်ပျက်စီးခြင်း အစရှိသည့် ရောဂါများ ဖြစ်ပွားနိုင်ကြောင်း FDA က ထုတ်ပြန် ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ်လမှ လက်ရှိ အချိန်ထိ မျက်နှာလိမ်းခရင်မ်၊ နှုတ်ခမ်း နီဆိုးဆေး အစရှိသည့် အလှကုန်ပစ္စည်း ၃၀ ကျော်ကို သုံးစွဲရန်မသင့်ကြောင်း FDAက ထုတ်ပြန်ထားသည်။
ယင်းအလှကုန်ပစ္စည်း ၃၀ ကျော် တွင် ထားဝယ်ဒေသတွင် အသုံးများ သည့်fh Due Beauty Cream Ruiqian (A+B) စသည့် မျက်နှာလိမ်းခရင်မ်များ ပါဝင်သည်။

သုံးစွဲရန်နှင့် စားသုံးရန်မသင့်သည့် လူသုံးကုန်၊ စားသောက်ကုန်များကို အများပြည်သူ သိရှိစေရန် ကြေညာ ခြင်းနှင့် အရေးယူခြင်း ကဏ္ဍများတွင် အားနည်းနေဆဲဖြစ်ကြောင်း ဝေဖန်မှုများ ရှိသည်။