ရေဖြူမြို့နယ်ဆေးရုံ ပွင့်လင်းရာသီအသစ် ပြန်ဆောက်မည်

0
432

ရေဖြူမြို့နယ်ရှိ ၂၅ ကုတင်ဆံ့မြို့ နယ်ဆေးရုံကို ယခုနှစ်ပွင့်လင်းရာသီတွင် အသစ်တိုးချဲ့ဆောက်လုပ်မည် ဖြစ်ကြောင်း ယင်းဆေးရုံ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိဆေးရုံနေရာသည် လိုအပ် သော အဆောက်အအုံများ ထပ်မံ ဆောက်လုပ်ရန် မြေနေရာလပ်မရှိသဖြင့် အခြား နေရာအသစ်တွင် ပြန်ဆောက် မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးခင်မျိုးက ပြောသည်။

“ဒီဆေးရုံက ၂၅ ကုတင်ဆံ့ဆေးရုံ ဆိုပေမဲ့ စံနှုန်းမကိုက်ဘူး။ အဲဒါကြောင့် စံနှုန်းကိုက်ပြန်လုပ်ပေးတာ”ဟု ဒေါက် တာဦးခင်မျိုးက ပြောသည်။
ဆေးရုံအသစ်နှင့်အတူ ဝန်ထမ်း အိမ်ရာပါ ထည့်သွင်းဆောက်လုပ်မည် ဖြစ်သည်။

ဆေးရုံအသစ်ဆောက်ပြီးပါက ဆေးရုံအဟောင်းအား ယင်းဆေးရုံ စီမံ အုပ်ချုပ်မှုဆိုင်ရာရုံးခန်းနှင့် ငှက်ဖျား ရောဂါတိုက်ဖျက်ရေး၊ တီဘီရောဂါတိုက် ဖျက်ရေး စသည့်ပြည်သူ့ကျန်းမာရေးရုံး ခန်း အဖြစ်ဆက်လက် ထားရှိမည် ဖြစ် သည်ဟု ၎င်းက ပြောသည်။

အသစ်ဆောက်မည့်ဆေးရုံကို (ခ)ရပ်ကွက် ရပ်တော်မူဘုရားအနီးသို့ ပြောင်းရွေ့ ဆောက်လုပ်မည်ဖြစ်ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော် မိုးက ပြောသည်။
အသစ်ဆောက်မည့် ဆေးရုံမြေနေ ရာသည် ၄ ဧကခန့်ရှိသည်။