ကော့သောင်းလေဆိပ်တွင် ဘိန်းစာရွက်များ ဖမ်းမိ

0
416

ကော့သောင်း လေဆိပ်တွင် ဩဂုတ် လ ၉ ရက်နေ့က ဘိန်းစာရွက် သယ် ဆောင်လာသည့် ခရီးသည် တစ်ဦးကို ဖမ်းမိခဲ့ကြောင်း ကော့သောင်း လေကြောင်း ရဲတပ်ဖွဲ့စုထံမှ သိရသည်။

ကော့သောင်းမြို့ လေဆိပ်မှ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် ကော့သောင်းမှ ထားဝယ်သို့လိုက်ပါမည့် ခရီးသည် တစ်ဦး၏ ခရီးဆောင်အိတ်အား X-Ray စက်ဖြင့် စစ်ဆေးစဉ် ဖွင့်ဖောက် စစ်ဆေးရာ ငှက်ပျောရွက်ဖြင် hထုတ်ထား သော ဘိန်းစာရွက်အစို (၁၃၀)ဂရမ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း လေကြောင်း ရဲတပ်ဖွဲ့စုမှ ရဲမှူးမိုးကျော်သူက ပြော သည်။

၎င်းအားစစ်ဆေးခဲ့ရာ ဘိန်းစာ ရွက်များကို သုံးစွဲရန် ရနောင်းမြို့မှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှူး မိုးကျော်သူက ဆိုသည်။
လေဆိပ်သို့ ဘိန်းစာရွက်များ သယ်ဆောင်လာသူကို ကော့သောင်း မြို့ရဲစခန်းတွင် ဥပဒေအရ အရေးယူ နိုင်ရန် အမှုဖွင့်ထားကြောင်း ကော့သောင်း လေကြောင်း ရဲတပ်ဖွဲ့စုထံမှ သိရသည်။