မောတောင်နယ်စပ်ဂိတ် ကုန်သွယ် မှု ၄ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈ သန်းကျော်

0
516

မြန်မာ-ထိုင်းနယ်စပ် မောတောင်ဂိတ်မှ ၄ နှစ်အတွင်း စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၈ သန်းကျော်ရှိကြောင်း မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ အမေရိကန် ဒေါ်လာ ၈.၄၀၃သန်း အထိရှိပြီး ပို့ကုန် အများစုမှာ မြိတ်ရေထွက်ပစ္စည်းများ ဖြစ်ကြသည့် ငါး၊ ပုဇွန်နှင့် ဂဏန်းတို့ ဖြစ်ပြီး ရော်ဘာ၊ ဆီအုန်းတို့လည်း တင်ပို့ကာ သွင်းကုန်များမှာ သစ်သီး၊ ဓာတ်မြေဩဇာနှင့် ငါးသေတ္တာများဖြစ် ကြကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းထံမှ သိရသည်။

ယခုလက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏမှာ ပြီးခဲ့ သည့်နှစ်များထက်ပိုများလာပြီး ဇွန်လတွင်းတွင် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၄.၅ သိန်းအထိရှိနေကြောင်း ကုန်သွယ်ရေးဦးစီးဌာန ဒုလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်မိုးက ပြောပြသည်။ မော့တောင်နယ်စပ်ကုန်သွယ်ရေးစခန်း ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်က စတင်ဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ စတင်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။ သို့သော် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဂိတ်ကို အထူးယာယီနယ်စပ်ဂိတ် အဖြစ်သာ ဖွင့်ထားပြီးတရားဝင် ကုန်သွယ်လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်ထားခြင်း မရှိသေးသည်အတွက် ကြောင့် ကုန်သွယ်မှုလုပ်ငန်းတွင် အခက်အခဲအချို့ရှိနေကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။