မိုးဦး ရေလှောင်ကန်

0
465

မတ်လဆန်းသည်နှင့် အပူရှိန်ဒဏ် ကို သိသိသာသာ ခံစားလာရပြီဖြစ်သည်။နွေရောက်ပြီ။ နွေဦးကိုရောက်သည် နှင့် အတွေးထဲရောက်လာသည်က ” ရေ ” ။အပူချိန်က ခါတိုင်းနှစ်များထက်ပင် များဦးမည်ဟု သိရသည့်အတွက် နှစ်စဉ် အစဉ် အလာမပျက်ကြုံတွေ့နေကျ ” ရေ ” ကိစ္စကိုသာ တွေးပူသည်။ ပရဟိတလုပ် ငန်းများ တွင်ကျယ်လာသည့် ယနေ့ ကာလတွင် ရေလှူသည့်ကိစ္စက အကြောင်း အရာ တစ်ရပ်အဖြစ်တိုးလာသည်။ ရေ ကိစ္စသည် ကျွန်တော်တို့ ဒေသဘက်မှာ ကပ်ဘေးသဖွယ် မသိမသာ ဖြစ်လာသည်။

 
သို့သော် မိုးများသော ဒေသတစ်ခု ဖြစ်၍ နွေရာသီ သုံးလခန့်သာ ကျယ် ကျယ်လောင်လောင် ပြောဖြစ်၊ စိတ်ဝင်စား ဖြစ်သည်။
နွေလွန်သည်နှင့် ရာသီစာကပ်ဒုက္ခ တစ်ခုကို မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြ ပြန်သည်။ဟော..အခုလည်း ကပ်တစ်ခုကို ရင်ဆိုင်ရမည့် နွေဦးရာသီရောက်ခဲ့ပြန်ပြီ။ ကဲ..ကျွန်တော်တို့ ဘာတွေပြင်ဆင်ကြ ပြီးပါလိမ့်။ ရေအလှူသွားရန် ပိုက်ဆံစု ကောက်ထားသလား။ ထော်လာဂျီရေကား ငှားထားပြီးပြီလား။ ဗီနိုင်းစတွေ ထုတ် ထားပြီးပြီလား။
တကယ်တော့ ဒါတွေက ဆေးမြီးတို တွေသာဖြစ်ကြောင်း သိကြပါလိမ့်မည်။မိုးများ၍ ရေအရင်းအမြစ်ပေါများ သည့် ကျွန်တော်တို့ဒေသတွင် နွေရာသီ ရေအခက်အခဲရှိသည့် ရပ်ရွာများနှင့်ပတ် သက်၍ ကျွန်တော်တို့ သွေးအေးနေချိန် တွင် ရေအရင်းအမြစ်အတွက် အစဉ်တစိုက် ထောက်ပြနေသူတစ်ဦး ရှိပါသည်။ပြီးခဲ့သည့် နှစ်အတွင်းက သူဟော ပြောပွဲ လုပ်ခဲ့သည်။ ပြီးနောက် ဒီဇင်ဘာလ အတွင်း စာအုပ်တစ်အုပ်ပင် ထုတ်ဝေလိုက် သေးသည်။
စာအုပ်အမည်က
” မိုးရေလှောင်ကန်” ။
စီးပွားရေးအရ တွက်ချေကိုက်ရန်  အခွင့်အလမ်းနည်းသည့် စာပေအမျိုး အစားတစ်ခုကို သူရေးသားပြုစု ထုတ်ဝေ လိုက်ခြင်းလည်း ဖြစ်သည်။ သူယုံကြည် ရာကို စူးစူးနစ်နစ်လေ့လာရင်း လေ့လာ ထားသမျှကို အများဖတ်ဖြစ်အောင်သူ ထုတ်ဝေလိုက်တာ ဖြစ်သည်။
သူဆိုသည်က အမျိုးသားစာပေ ဆုရှင်၊ ထားဝယ်ဒေသသား ကျော်ဦးဖြစ် သည်။
“မြန်မာနိုင်ငံသည် ခြုံ၍ကြည့်လျှင် ရေသယံဇာတ ပေါကြွယ်ဝသော နိုင်ငံ ဖြစ်သည်။ သို့သော် နေရာဒေသအား ဖြင့်ရော၊ အချိန်ကာလအားဖြင့်ပါ မိုးရွာ သွန်းမှု မညီမျှသောကြောင့် ရေရှားခြင်း၊ ရေလျှံခြင်းတို့ဖြစ်ပေါ်နေသည်။ ရေရှား သည်ဟု ဆိုသော်လည်း ရွာကျသော မိုး ရေအများစုသည် မည်သို့မျှ အသုံးချ မခံရဘဲ ရေလိုအပ်နေသူတို့၏ မျက်စိ အောက်တွင်ပင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်ဆုံးရှုံးနေသည်။ တစ်ဖန် မိုးများလာသောအခါရေလျှံပြီး ပစ္စည်း ဥစ္စာ မြို့ရွာအိုးအိမ်တို့ ပျက်စီးရပြန်သည်။
ဤစာအုပ်  မိုးရေစီးကို တတ်နိုင် သမျှထိန်းချုပ်ကာ သောက်သုံးရေ၊ စိုက်ပျိုးရေအဖြစ် အသုံးချခြင်း၊ ရေကြီး ရေလျှံမှု လျော့ပါးစေခြင်း နည်းလမ်း များကို အောင်မြင်စွာဆောင်ရွက်နေသည့် သာဓကများဖြင့် တင်ပြထားသည်။” ဟူ၍ စာရေးသူ၏ ရည်ရွယ်ချက်ကို တွေ့ရသည်။

 
မိုးများဒေသဖြစ်သော်လည်း နွေ ရောက်လျှင် ရွာအချို့ ရေအလှူရှင်မျှော် ရသည်။
အိမ်ရှိ ရေပုံး၊ တိုင်ကီများ အိမ်ရှေ့မှာ ချကာ ရေအလှူကားအလာကို မျှော် နေသည့် မြင်ကွင်းကို ခုချိန်ထိ မျက်စိထဲမှ မထွက်။
ထိုအချိန်မျိုးတွင် အသီးသီးရင်ထဲမှာ နောက်နှစ်မှာ ဘာလုပ်မည်၊ ဘယ်လို အကောင်အထည်ဖော်မည်စတဲ့ အိပ်မက် တွေက အပြည့်။ လူးလွန့်နိုးထ။ နောက် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာတော့ အိပ်မက် တွေကလည်း မိုးရေနှင့်အတူ စီးမျောသွား ပြန်သည်။ ဒီလိုနှင့် နှစ်ပေါင်းများစွာ။

 

ဆရာကျော်ဦးက မိုးရေလှောင်ကန် တွင်
” အသက်ရှင်ရေးအတွက် မရှိလျှင် လည်းဖြစ်သည့် ရွှေငွေကျောက်သံ ပတ္တမြားစသော သယံဇာတတို့ကို အပဲ့ အပွန်း အစွန်းအထင်းမရှိအောင် ဂရုပြုကြ သော်လည်း အသက်သခင်ဖြစ်သည့် မိုးရေကိုမူ သယံဇာတတစ်မျိုးအဖြစ် မြင် တတ်သူနည်းသည်။”

( စာ – ၁၉)

 
” မိုးရေရယူ သိုလှောင်အသုံးချခြင်း စနစ်သည် မုန်တိုင်းတိုက်ချိန်၊ မိုးများ ချိန်တွင် စီးလာသောရေများကို မိုးရေ လှောင်ကန်ထဲတွင် ထားရှိကာ လိုအပ် သလို ထုတ်သုံးခြင်းဖြင့် ကန်တည်ရှိရာ ဒေသ   မိုးပြတ်ချိန်တွင် ရေရရှိစေသည်။ အကြောင်းညီညွတ်သော နေရာများတွင် တစ်နှစ်ပတ်လုံး ရေရရှိအောင်အထိ လုပ် ဆောင်နိုင်သည်။”  (စာ – ၂၄ )ဟူ၍ မိုးရေနှင့်ပတ်သက်၍ အသိ ပေးသည်။

 
မိုးရေနှင့်ပတ်သက်၍ အရေးပါပုံ ကိုတင်ပြသလို သုတေသီတစ်ဦး ပီသစွာ ပင် သတိပြုရမည့် အချက်ကိုလည်းသူက ထောက်ပြသည်။
” မိုးရေ အသုံးချခြင်းတွင် သတိပြု ရမည့်အချက်များ၊ အားနည်းချက်များ လည်း ရှိသည်။ မိုးခေါင်ချိန် ကြာလွန်း လျှင် ရေလုံလောက်စွာ စဉ်ဆက်မပြတ်ပေး နိုင်ခြင်းမရှိ၊ ဝင်ငွေနည်းလွန်းသော ဒေသ များအတွက် ဆောက်လုပ်ထိန်းသိမ်း စရိတ် မတတ်နိုင်ဖြစ်တတ်သည်။ ငွေ ကြေးမလုံလောက်၍ မိုးရေ ရယူသိုလှောင် အသုံးချစနစ် အရွယ်အစား ကန့်သတ်ရ သော နေရာများတွင် အကျိုးရသင့် သလောက် မရနိုင်။ ရေဖြတ်ယူသိုလှောင် သော ပမာဏများလွန်းလျှင် ရေစီးပမာဏ နည်းသွားသဖြင့် မြစ်အောက် ပိုင်းဒေသခံ များနှင့် အငြင်းပွားနိုင်သည်။ အငြင်း မပွားသည့်တိုင်အောင် မြစ်အောက်ပိုင်း ဂေဟစနစ်ရှင်သန်မှုကို ထိခိုက်အောင် အထိ မိုးရေကို လွန်ကဲစွာ တားဆီးသို လှောင်ခြင်း မပြုရ။ ရေရှည်တည်တံ့ အသုံးချနိုင်သောစနစ်ဖြစ်ရန် ကောင်းမွန် သောစီမံအုပ်ချုပ်မှု လိုအပ်သည်။”  (စာ – ၂၆)
သုတေသနသမားတစ်ဦး ပီသစွာ ပင် အကျိုးအပြစ်ကို တွက်ဆပြထားခြင်း ဖြစ်သည်။

 

 

အကောင်အထည်ဖော်သူတို့ ဆွတ်ခူးစားသုံးရုံပင်။ မိုးရေလှောင်ကန် တွင် ပါဝင်သော မိုးရေမည်သို့ လှောင် မည်နည်းဟူသော နည်းစနစ်ပိုင်းဆိုင်ရာ များကို ရုပ်ပုံကားချပ်တွေ၊ ဓာတ်ပုံတွေနှင့် စနစ်တကျ တင်ပြထားတာ တွေ့ရသည်။ အများစုက ငွေကုန်ကြေးကျသက်သာ၍ လုပ်သာကိုင်သာရှိသော နည်းစနစ်များ။

 
ကျွန်တော်တို့ဒေသတွင် ရှေ့ပြေး စီမံကိန်းများ ဖြစ်ထွန်းစေချင်သည်။” တစ်ဖက်ရပ်အမိုးစနစ်”  ၊ ” ကန်သုံး ကန်စနစ်” } တို့သည် စိတ်ဝင်စားစရာ ကောင်းသလို မြို့ပြအတွက်တော့ “ရေ ပလာဇာ ” က စိတ်ဝင်စားစရာကောင်းသည်။
အမှန်စင်စစ် ရေပြဿနာသည် ကျွန်တော်တို့ ဒေသတစ်ခုတည်းသာ မဟုတ်။နိုင်ငံအနှံ့ဖြစ်နေသော ကိစ္စတစ်ခု။ ပြုပြင်တည်ဆောက်စရာတွေ များပြားလှ သော ခေါင်းစဉ်တွေအောက်မှာ ဦးစားပေး အဆင့်ထဲ မပါသေးဘဲ တိုးတိတ် ကြိတ် ကြိတ် ဖြေရှင်းနေကြသည့် ပြဿနာ တစ်ခုဟု ကျွန်တော်ယူဆသည်။

 
ဆရာကျော်ဦးကလည်း-
” ကနဦးနှင့်အရေးပါသော အဆင့် ဖြစ်သည့် အမျိုးသားအဆင့်ရေမူဝါဒ” ကို မြန်မာနိုင်ငံတွင်ရေးဆွဲပြဋ္ဌာန်းထားရှိပြီး ဖြစ်သည်။ ______ __ ____မှန်ကန်သော ရေမူဝါဒရှိပြီး ဖြစ်သော မြန်မာနိုင်ငံတွင် ရေပြဿနာ များစွာ ပေါ်ပေါက်နေရခြင်း၏ အကြောင်း များအနက် တစ်ခုမှာ ယင်းမူဝါဒများကို လက်တွေ့ အကောင်အထည်ဖော်သည့် ဌာန အဖွဲ့အစည်းများတွင် အားနည်း ချက်၊ လိုအပ်ချက်များရှိနေသောကြောင့် ဖြစ်သည်။

 

 

မြန်မာနိုင်ငံတွင် ရေဘက် ဆိုင်ရာ ဌာနအဖွဲ့အစည်းများသည် မတူကွဲပြားသော ဝန်ကြီးဌာနများအောက် တွင် ရှိနေခြင်းကြောင့် ဌာနတစ်ခုနှင့် တစ်ခု အချိတ်အဆက်မမိခြင်း၊ တာဝန် နှင့် လုပ်ပိုင်ခွင့်များထပ်နေကာ ပြဿနာ ဖြေရှင်းရာတွင် မပြတ်မသားဖြစ်ခြင်း၊ တစ်ခါတစ်ရံ ထိပ်တိုက်တိုးခြင်း စသည် တို့ကို ______ဌာနဆိုင်ရာတို့၏ အခက်အခဲများအနက် အချို့မှာ မူဝါဒ များကို လက်တွေ့အကောင်အထည် ဖော်ရာ  လိုအပ်သော ပညာရပ်ဆိုင်ရာ အချက်အလက်များ မရှိသေးခြင်း၊ နည်း ပညာပံ့ပိုးမှုများ လိုအပ်နေခြင်း စသည် တို့ဖြစ်သည်။”  ဟူ၍ သုံးသပ်တင်ပြထား သည်ကို တွေ့နိုင်သည်။

 
ဆိုရသော်…ဆရာကျော်ဦး၏ မိုးရေလှောင်ကန်သည် မဖြစ်နိုင်သည် တို့ကို အိပ်မက်မက်ပြထားသော စာအုပ် တစ်အုပ် မဟုတ်သည်က သေချာသည်။ ပြဿနာ၊ ဖြေရှင်းချက်နည်းနာ၊ ဖြေရှင်း ရာတွင် တွေ့ကြုံနေရသည့် လက်တွေ့ ကျသော အခက်အခဲတို့ကို တင်ပြထား သည့် သုတေသနစာအုပ်ကောင်းတစ်အုပ်။ ထိုစာအုပ်ထဲမှ ကျွန်တော်တို့ အတုယူ စရာများ ရှိသည်။ လက်တွေ့လုပ်သင့် သည်များ ရှိသည်။ ချက်ချင်းထလုပ်နိုင် သည်များ ရှိသကဲ့သို့ ကာလတိုတစ်ခု အချိန်ယူကာ လုပ်နိုင်သည်များလည်း ရှိသည်။ထို့ကြောင့်လည်း ရေပြဿနာကို ဖြေရှင်းချင်သူတွေ၊ မူဝါဒအကောင် အထည်ဖော်သူတွေ ဖတ်သင့်မှတ်ထိုက် သော စာအုပ်ကောင်း တစ်အုပ်အဖြစ် ညွှန်းဆို လိုက်ချင်ပါသည်။