ရော်ဘာသစ်ပေါင်းသား တရုတ်နှင့် ကမ္ဘောဒီးယား အဓိကတင်ပို့

0
673

ထားဝယ်ဒေသထွက် ရော်ဘာသစ် ပေါင်းသားများကို တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများကိုသာ အဓိက ထားတင်ပို့နေရကြောင်း ရာဘာသစ် ပေါင်းသား လုပ်ငန်းလုပ်နေသည့် စက်ရုံ  အချို့ထံမှ သိရသည်။


ရော်ဘာပင် ကုန်ကြမ်းရသလောက် ထုတ်လုပ်နေပြီး တစ်လလျှင် ပျှမ်းမျှ တန်ချိန် ၂၅၀ ခန့် တင်ပို့နေရကြောင်း ရာဘာသစ်ပေါင်းသား လုပ်ကိုင်နေသည့် DAWEI INDUSTRIAL  ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဦးအိုက် မောင်က ဆိုသည်။
တစ်တန်ပေါက်ဈေးမှာ အမေရိကန် ဒေါ်လာ ၂၁၀ ခန့်ရှိကြောင်း ဦးအိုက် မောင်က ပြောသည်။

 
ရော်ဘာသစ်ပေါင်းသားများကို ပရိ ဘောဂပစ္စည်းများ၊ ဆေးသုတ်စုတ်တံများ အစရှိသည့် လူသုံးကုန်ပစ္စည်းများ ပြု လုပ်ပြီး ကုန်ကြမ်းအဖြစ် သက်တမ်း ကြီးရင့်သည့် ရော်ဘာပင်အိုဟောင်း များကို ခြံအလိုက် လိုက်လံဝယ်ယူ အသုံးပြုကြောင်း ဦးအိုက်မောင်က ပြော သည်။

 
ရော်ဘာသစ်ပေါင်းသားများကို ပြည်တွင်းက ဝယ်ယူမှု မရှိသလောက် နည်းပါးသည်ဟု သိရသည်။
ဒေသအတွင်းရော်ဘာပင်အို ဟောင်းများကို ယင်းကဲ့သို့ ပရိဘောဂ ပစ္စည်းအဖြစ် အသုံးပြုနိုင်ရန် ပြုလုပ် သည့် စက်ရုံ ၂ ရုံခန့်သာရှိပြီး အများစုမှာ ထင်းအဖြစ်သာ အသုံးပြုနေကြဆဲဖြစ် သည်။