ကျောက်မီးသွေးဘေး ကင်းဝေးရေး ဆုတောင်းပွဲ

0
554

ကျောက်မီးသွေးတူးဖော်မှုကြောင့် ထိခိုက်လာနိုင်သည့် ဘေးအန္တရာယ်ကင်း ရှင်းရေးအတွက် ဆုတောင်းပွဲကို ထား ဝယ်ခရိုင်၊ ဘန်းချောင်းဒေသရှိ ကွမ်း ချောင်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။


ကျောက်မီးသွေးတူးဖော်မှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု၊ လေထု၊ မြေထု ညစ်ညမ်းမှုများနှင့် လူမှုဘ၀ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဒေသခံ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရန် ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်သည် ဟု ဘန်းချောင်းဒေသ ပြည်သူလူထုတည် တံ့ခိုင်မြဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌစောကဘူး က ပြောသည်။
ဆုတောင်းပွဲကို ကွမ်းချောင်းကြီး ကျေးရွာအပါအဝင် ကျေးရွာ ၆ ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများ စုစုပေါင်း ၁၅၀ ခန့် တက် ရောက် ဆုတောင်းခဲ့ကြောင်း ဘန်း ချောင်းဒေသ ပြည်သူလူထု တည်တံ့ခိုင် မြဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့ထံမှ သိရသည်။
ဘန်းချောင်းဒေသတွင် ကျောက်မီးသွေးတူးဖော်ခွင့်ရထားသည့် မေ ဖလားဝါးကုမ္ပဏီသည် ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်တို့တွင် စုစုပေါင်းလုပ်ကွက် ၆ ကွက် အတွက် မြေဧက ၂၁၀၀ ကို သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့် ပြုမိန့် ရရှိခဲ့ပြီး ကွမ်းချောင်းကြီးကျေးရွာရှိ မြေ ဧက ၆၀ တွင် မေဖလားဝါးကုမ္ပဏီက အမှန် တကယ်လုပ်ကိုင်ခြင်းမရှိဘဲ East Star Mining ကုမ္ပဏီက လုပ်ကိုင်နေကြောင်း အရပ်ဘက် အဖွဲ့အစည်းများ ပြုစု ထားသည့် အစီရင်ခံစာအရ သိရသည်။