အပျိုလူပျို ရင်ခုန်ချိန်

မကြာမီ သီတင်းကျွတ်ပါတော့မည်။သီတင်းကျွတ်ပွဲတော်အတွက်လူတိုင်းနီးပါး ရင်ခုန်နေကြပါလိမ့်မည်။သီတင်းကျွတ်ပွဲတော် နွှဲပျော်ရန်၊ ကွဲကွာနေသည့် မိသားစုများနှင့် တွေ့ဆုံရန် စသဖြင့် အရွယ်သုံးပါးစလုံး သူ့အတွေးနှင့်သူ ရင်ခုန်နေကြပါလိမ့်မည်။ရင်ခုန်ကြဆုံးကမူ အပျိုလူပျိုတို့ ဖြစ်ကြပါလိမ့်မည်။ဝါတွင်းကာလ လက်ထပ်ထိမ်းမြားခြင်း မပြုလုပ်ရ / မပြုလုပ်ကောင်းဟု ဘုရားဟော ဒေသနာတော်တို့တွင်တိုက်ရိုက်ဟောကြား ညွှန်ပြထားခြင်းမျိုးမတွေ့ဘူးသေးသော်လည်း ဝါတွင်းအိမ်ထောင်ပြုခြင်း ရှောင်ကြဉ်ကြ သည်က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ အယူအဆတစ်ခု ဖြစ်နေပါပြီ။ထိုအယူအဆကို...

ခေတ်သစ်ကိုလံဘတ်များ

ကမ္ဘာတွင်နယ်မြေသစ် ရှာသူများ တွင် ဗိုက်ကင်းလူမျိုး(Vikings) တို့ က ဆရာကြီးဟု သမိုင်းပညာရှင်များက ဆိုကြသည်။ ဗိုက်ကင်းတို့သည် သင်္ဘောများဖြင့် ကမ္ဘာ့ရေပြင်များပေါ်တွင် နှစ်ပေါင်း ငါးထောင်မျှ လှည့်လည်သွားလာခဲ့ကြ သည်။ ကြေးခေတ်တွင် လူတို့သိထား ပြီးသမျှ ရေပြင်များပေါ်ဗိုက်ကင်းသ င်္ဘောများ ရောက်ခဲ့ပြီးသည်ချည်းဟု ယူဆကြသည်။ အချို့က မြောက်အမေရိကတိုက် ကို...

မျှားသူများ

အချို့က ရေကြီးလျှင် စိတ်ညစ် သည်။ မျှားသူများကမူ ရေကြီးလေလေ ပျော်လေလေဖြစ်သည်။ ရေက မိမိတို့ ဝန်းကျင်အထိ ရောက်လာလေလေ ပို ပျော်လေလေဖြစ်သည်။ ' ရေရှိလျှင် ငါးရှိသည်' ဟူသည့် အယူအဆကို ငါးမျှားသူတိုင်း လက် ကိုင်ထားသောကြောင့် ဖြစ်သည်။ 'ဆတ်ခနဲ' ဆောင်ဆွဲရမည့် အခိုက်အတန့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကာ...

ဝါတွင်း သေရည်ရှောင်သူများ

ဝါဆိုလ အစ ဝါဝင်ပြီဆိုသည်နှင့် အရက်အိုးအချို့ အရက်ရှောင်သည့် အလေ့အထ မြန်မာနိုင်ငံတွင် ရှိပါသည်။ အချို့က ရပ်ရွာဘုန်းတော်ကြီး ဆရာတော်ထံသွားကာ သီလယူပြီး အရက်ရှောင်ကြောင်း လျှောက်ထား ကြသည်။ "ဝါတွင်းကာလအတွင်း အရက် သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်ပါ ၏ ဘုရား" အချို့ဆရာတော်တို့က အရက် ရှောင်သူကို ခမဲကြိုး (အပ်ချည်ကြိုး)...

မိုးရေထဲမှာ

မိုးသည်းချိန်များတွင် မြိတ်မြို့၊ မြို့သစ်ရပ်မှ ကိုကျော်အောင်တစ်ယောက် ကိုင်ဇာသီချင်းဖြင့် မိုးရေခံချိုးခဲ့သည့် ငယ်ဘ၀ကို သတိရနေသည်။ "မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီး ခွဲစားမယ် …" ထိုသီချင်းစာပိုဒ်မှာ ယခုအခါ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်သော ကိုကျော်အောင်နှင့် ရွယ်တူများ ကလေးဘ၀က မိုးရေခံချိုးကြစဉ် ကလေးတိုင်းနီးပါး အော်ဆိုခဲ့ကြသည့် သီးချင်းစာပိုဒ်...

အဆိပ်သီး စားသူများ

တညင်းသီးသည် မည်သည့် ကောင်း ကျိုးမျှ မပေးသော အဆိပ်သီးဟု ဆရာ ဝန်တို့က ရေးကြပြောကြသည်။ တနင်္သာရီ တိုင်းအတွင်းက တညင်းသီးချစ်သူများ အတွက်တော့ ထိုဆရာဝန်တို"ဟော ရင်းသာ ပျံတော်မူ"ဆိုသကဲ့သို့ ရေး ရင်းသာ မှင်ကုန်မည့်ကိန်း ဖြစ်ပါသည်။ "စားမှာပဲ၊ စားမှာပဲ၊ ငါ့ကို လာမတားနဲ့.."ဟူသော သီချင်းစာသား...

ကျေးလက်ဥပုသ်

လောင်းလုံးမြို့နယ်၊ ကျောက်ဆင် ရွာတွင် အရုဏ်ချိန် ကြေးစည်ကြီးထုသံကြားရသည့်နေ့ဆိုလျှင် ယင်းနေ့ သည် ဝါတွင်းဥပုသ်နေ့တစ်နေ့ ဆို သည်မှာ သေချာပါသည်။ ကျောက်ဆင်ရွာတွင် သာမန်နေ့ များ၌ လက်ဖြင့်ကိုင်ထုသော ကြေး စည်ငယ်ဖြင့်သာ ဆွမ်းခံထွက်လေ့ရှိပြီး ဝါတွင်းဥပုသ်နေ့များတွင် ထမ်းပိုးလျှို နှစ်ယောက်ထမ်းကာ နောက်ကထမ်းသူ ထုရသော ကြေးစည်ကြီးဖြင့် ဆွမ်းခံ...

ရင်ခ ဝင်ကြသူများ

လယ်သမားတို့ လယ်ထဲဆင်းကြ လေပြီ။ လယ်ထဲဆင်းသူများထဲတွင် လယ်ပိုင်ရှင်တို့နှင့်အတူ အလုပ်သမား အဖြစ် အခကြေးငွေ ယူလိုက်ပါသူတို့ လည်း ပါဝင်သည်။ အခကြေးငွေယူ လယ်ထဲဆင်းသည့် လယ်လုပ်သမားများထဲတွင် နှစ်မျိုးကွဲပါ သည်။ နေ့စားနှင့် လယ်သူရင်းငှားတို့ ဖြစ်သည်။ လယ်သူရင်းငှားကို တနင်္သာရီတိုင်း တွင်းသားတို့ ခေါ်ကြတာက "ရင်ခ"။ နေ့စားလယ်သမားက ရှင်းသည်။ တစ်နေ့ဆင်းလျှင်...

ထားဝယ်မြစ်ကူးတံတားသစ် ဘယ်နေရာမှာ ဆောက်မလဲ

၂၀၁၉ ခုနှစ်တွင် စတင်တည် ဆောက်ရန်ရှိသော ထားဝယ်မြစ်ကူး တံတားသစ်ကို လက်ရှိ ကမြောကင်း တံတားနှင့်ကပ်လျက် (DDPC ရှော့ပင်း စင်တာ အနီး)တွင် တည်ဆောက်မည်ဟု လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောလာသည်။ လက်ရှိ ကမြောကင်းတံတား၏ သက်တမ်းအရ ယင်းတံတားနေရာတွင် အစားထိုးကုစားသည့်အနေဖြင့် ယင်းနေ ရာတွင်...

ကမ္ဘာ့ဖလား ကိုက်သူများ

မြန်မာတို့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဆင်နွှဲခွင့်မရပါ။ သို့သော် ပရိသတ်တို့ ဘောပွဲကိုက်ခွင့် ရကြသည်။ ယခုရက်ပိုင်းအတွင်း နံနက် အလုပ် ဆင်းချိန် မျက်လုံးနီနီ မျက်တွင်းဟောက် ဟောက် အိပ်မှုန်စုံမွှား ဖြစ်နေသူတို့ မိမိ ဝန်းကျင်တွင် ရှိနေလျှင် စပ်စုကြည့်ပါ။ ၁၀ ဦးတွင် ၈ ဦးမှာ...