မြိတ်တွင်လှေသုံးစီးမီးလောင်

မြိတ်မြို့၊ တလိုင်းစုရပ်ဆိပ်ကမ်းအနီးရပ်ထားသည့် ကုန်တင်လှေကြီးတစ်စီးနှင့် ငါးဖမ်းလှေကြီးတစ်စီး ယနေ့ညနေ ၄ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့သည်။ ညနေ ၅ နာရီအထိ မီးငြိမ်းသတ်လျက်ရှိပြီး မီးစတင်လောင်ကျွမ်းသည့်အကြောင်းအရင်းကို မူ မသိရသေးပေ။သတင်းနှင့် ဓာတ်ပုံ - ကိုဆန်း/Dawei...

တနင်္သာရီမြို့နယ်တွင် အမျိုးသမီးများစုပေါင်း ပြုလုပ်သည့် ပန်းသပိတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈နှစ်​မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပန်းသပိတ် ပြုလုပ်ကြသည်။ အမျိုးသမီးများ စုပေါင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အမျိုးသားအချို့လည်း ပါဝင်ခဲ့ကြသည်။

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ ရန်ပုံငွေဘောလုံးပွဲကျင်းပ

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ (ဇွန် ၁၉) ည ၇ နာရီအချိန်ခန့်တွင် စတင် ကျင်းပခဲ့သည်။ ဘောလုံးပွဲမကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအတ္ထုပတ္ထိကို...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်သော ယနေ့(ဇွန် ၁၉)တွင် စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ကာ လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့ကြသည်။ စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက် ကြောက်ရွံမှုများကိုဖယ်ရှားပြီး ရဲရဲရင့်ရင့်...

ဝန်ကြီးချုပ်ရွေးချယ်နေသော ထိုင်းလွှတ်တော်ရှေ့တွင် လုံခြုံရေးအတားအဆီးများချထား

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်နေသော လွှတ်တော်အဆောက်အအုံ ပတ်ဝန်းကျင်တွင် ထိုင်းရဲတပ်ဖွဲ့များက အတားအဆီးများ၊ ရေကားများ ပြင်ဆင်ချထားသည်ကို တွေ့ရှိရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ယင်းအတားအဆီးများ၊ ရေဖြန်းစက်ပါသောကားများကို ယမန်နေ့ ညသန်းခေါင်အချိန်ကတည်းက ပြင်ဆင်နေခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံးတွင် သပိတ်လှုပ်ရှားမှုလုပ်

ဆလိုင်းတင်မောင်ဦးနေ့ (ဇွန်လ ၂၆ ရက်နေ့)တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဘန်နာကိုင်ဆွဲ၍ ‌လူငယ်များ...

တိတ်ဆိတ်ငြိမ်သက်နေသည့် ကံပေါက်ဒေသ

အာဏာသိမ်းမှု ၂နှစ်ပြည့်နေ့ ယနေ့ ဖေဖော်ဝါရီလ ၁ရက်တွင် မြန်မာနိုင်ငံတဝန်း၌ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ဆင်နွှဲနေကြရာ ကံပေါက်ဒေသတွင်လည်း အသွားအလာကင်းမဲ့ တိတ်ဆိတ်ခြောက်ကပ်ကာ သပိတ်ဆင်နွှဲနေကြသည်ကို တွေ့ရသည်။ စစ်ကောင်စီက ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား တိုက်ဖျက်ဆန့်ကျင်သည်ကို...