လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

0
1545
ဓာတ်ပုံ - DMSC

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့(ဇန်နဝါရီ ၁၄) မနက်ပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲရန် စည်းရုံးဟောပြောခြင်း၊ ဝယ်ယူသုံးစွဲခြင်းမလုပ်ဘဲ သပိတ်မှောက်ရမည့် စစ်တပ်ထုတ်ကုန်စာရင်းများ ဖြန့်ဝေခြင်း၊ စတေကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။