စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းအား ယုံကြည်ထောက်ခံကြောင်း လက်မှတ်များ ကောက်ခံ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အ၀ယုံကြည် ထောက်ခံကြောင်းကို ဖေဖော်ဝါရီလ ၁၄ ရက်မှစပြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း လက်မှတ်များ ကောက်ခံနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လ ၁၃ ရက်က မြိတ်မြို့သို့...

ပလောက်တွင် အရက်အတူသောက် ရာမှ စကားများပြီး ရဲဒင်းဖြင့်ထုသတ်

ပလောက်မြို့တွင် အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ရဲဒင်းဖြင့် ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၉ ရက်က သေဆုံးသူ၏ နေအိမ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အရက်အတူ သောက်ရာမှ ရန်ဖြစ်ကာ...

ကိုယ်ထူကိုယ်ထအမှိုက်သိမ်းနေရသည့်ကိစ္စ ရှက်စရာဖြစ်ကြောင်း ဝေဖန်

မြိတ်မြို့အတွင်းရှိ ရပ်ကွက်အသီးသီးမှ ရပ်ကွက်ပိုင်ကားများ ၀ယ်ယူ၍ ပြည်သူကိုယ်တိုင် ကိုယ်ထူကိုယ်ထအမှိုက် သိမ်းနေရသည့်ကိစ္စသည် ရှက်စရာဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေး နှင့် လူမှုဆက်ဆံရေးတာဝန်ခံ ဦးလှမော်က ဝေဖန်လိုက်သည်။ ဇန်န၀ါရီလ ၃၀ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကျင်းပသည့် အခွန်ကောက်ခြင်းနှင့်...

မြိတ်တွင် နို့စားနွား မွေးမြူရေးလုပ်ငန်း တွင်ကျယ်လာ

မြိတ်မြို့နယ်၌ နို့စားနွားမွေးမြူရေးလုပ်ငန်း တွင်ကျယ်လာကြောင်း မြိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့် နွားမွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။ မြိတ်မြို့နယ်အတွင်း ယခင်က မိသားစု တစ်နိုင်တစ်ပိုင် နို့စားနွား မွေးမြူခဲ့ကြရာမှ ၅ နှစ်အတွင်း လုပ်ငန်းတွင်ကျယ်လာကြောင်း အထက်ပါ ဌာနမှ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးထံမှ သိရသည်။ ၂၀၁၄ ခုနှစ်ဝန်းကျင်၌ မြိတ်မြို့နယ်အတွင်း နို့စားနွားအကောင်ရေ...

စည်ပင်နယ်နိမိတ် သတ်မှတ်ထားသည့် ကျေးရွာများအား အခွန်မကောက်သေး

တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေအရ စည်ပင်နယ်နိမိတ် အဖြစ်သတ်မှတ်ခဲ့သည့် မြိတ်မြို့အတွင်းရှိ ကျေးရွာများအား အခွန်မကောက်ခံသေးကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။ စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ်လိုက်သည့် ကျေးရွာနေ လူထုအား စည်ပင်နှင့်သက်ဆိုင်သည့်လုပ်ငန်းများအကြောင်း အသိပညာပေးခြင်း၊ စည်ပင်၏လုပ်ဆောင်ချက်များအား သိရှိနိုင်အောင် ဆောင်ရွက်ခြင်း စသဖြင့် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။ “အခွန်ကောက်ခံဖို့...

မြိတ်တောင်စာသင်ကျောင်း မလုံလောက်သောကြောင့် အချိန်သုံးသုတ်ခွဲ သင်ကြားခဲ့ရ

မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာတွင် ကျောင်းသားဦးရေများပြားပြီး စာသင်ကျောင်းလုံလောက်မှုမရှိသည့်အတွက် လက်ရှိပညာသင်နှစ်တွင် အချိန်သုံးသုတ် ခွဲကာ သင်ကြားခဲ့ရကြောင်း ကျောင်းကော်မတီများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ မြိတ်တောင်ကျေးရွာတွင် အင်းလေးကမ်းမူလတန်းကျောင်း၊ ဘုတ်ချောင်း မူလတန်းကျောင်းနှင့် အောင်မင်္ဂလာတွဲ ဘက်အထက်တန်းကျောင်း စုစုပေါင်း ၃ ကျောင်းသာရှိပြီး ကျောင်းဆောင်လုံလောက် မှုမရှိသည့်အတွက် အချိန်ခွဲသင်ကြားခဲ့ရကြောင်း ၎င်းတို့က ပြောသည်။ ကျောင်းဆောင်လုံလောက်မှုမရှိခြင်းကြောင့်...

မြိတ်တွင် ကလေးများအတွက် အခမဲ့နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်မည်

အခြေခံပညာ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံကောင်းရရှိ စေရန်အတွက် မြိတ်မြို့ရှိ ပရဟိတ ကျားဂေဟာတွင် အခမဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းဖွင့်မည်ဖြစ်ကြောင်း ပရဟိတ ကျားဂေဟာ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။ အဆိုပါ သင်တန်းကို အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများတက်ရောက်နိုင်ကြောင်း ပရဟိတကျားဂေဟာ ကြီးကြပ်မှု...

မြိတ်တွင် ပြည်ထောင်စုနေ့ စုပေါင်းစက်ဘီးစီးပွဲတော် စက်ဘီး ၅ စီး မဲဖောက်ပေးမည်

၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်ကျင်းပမည့် စုပေါင်းစက်ဘီးစီးပွဲတော်တွင် ကံစမ်းမဲအဖြစ် စက်ဘီးငါးစီး မဲဖောက်ပေးမည်ဖြစ်ကြောင်း မြိတ်စက်ဘီးစီးအသင်း ထံမှ သိရသည်။ ပြည်ထောင်စုနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) ကျင်းပမည့် ယင်းစက်ဘီးစီးပွဲ တော်တွင် မည်သည့်စက်ဘီးဖြင့်မဆို လာ ရောက်စီးနင်းနိုင်ပြီး စက်ဘီးစီးနင်းသူများအား အမှတ်တရ အင်္ကျီလက်ဆောင်များလည်း ပေးအပ်မည်ဖြစ်ကြောင်း အထက်ပါ...

မြိတ်လျှပ်စစ်မီး ယခုလအတွင်း မြိတ်အများပိုင် တာဝန်စယူမည်

မြိတ်မြို့အတွက် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို ယခုလအတွင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်က စတင်တာဝန်ယူမည်ဖြစ်ကြောင်း ယင်းကော်ပိုရေးရှင်းထံမှ သိရသည်။ မြိတ်အများပိုင်ကော်ပိုရေးရှင်းသည် ဒီဇယ်ဈေးနှုန်းအပေါ်မူတည်တွက်ချက်ထားသည့် သတ်မှတ်မီတာခနှုန်းထားထက် နှစ်ဆယ်ရာခိုင်နှုန်းလျှော့ဈေးဖြင့် မီးပေးမည်ဟု ထုတ်ပြန်ထားသည့်ကုမ္ပဏီ ဖြစ်သည်။ “ဒီလ(ဖေဖော်ဝါရီလ)အတွက် ဈေးက မသိရသေးဘူး၊ အကြမ်းအဖျင်း လျာထားတာက ကျပ် ၃၉၀ နှုန်းပါ”ဟု မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိတက်၏...

မြိတ်စည်ပင်သာယာဈေးကြီး ပြန်လည်မွမ်းမံရန်သာ ဈေးသူဈေးသားများ အဆိုပြု

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးကြီးအား အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက်မည့်အစား နဂိုရှိရင်းစွဲ အနေအထားကို ပြန်လည်မွမ်းမံ သွားရန်သာ ဈေးသူဈေးသားများ အဆိုပြုခဲ့ကြသည်။ ဖေဖော်ဝါရီလ ၃ ရက်က မြိတ်ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည့် ဆိပ်ငယ်ဈေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ဈေးသူဈေးသား များ၏ ဆန္ဒသဘောထားတောင်းခံခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ရာ ဈေးသူဈေးသား...