စားဝတ်နေရေးကျပ်တည်းလာတဲ့ တောင်ပိုင်းသားတွေ

အရင်က ခူးမယ့်သူမရှိတဲ့ ရပ်ကွက်ထဲက ရေအိုင်ထဲအလေ့ကျပေါက်နေတဲ့ ကန်စွန်းပင်လေးတွေမှာ အညွန့်ထွက်ချိန်ပင်မရတော့။ ယခင်က ယောင်လို့ပင် လမ်းဘေးကန်စွန်းခင်းနား ဖြတ်မလျှောက်တဲ့ ဒေသခံတွေမှာ အခုတော့ ဟင်းတစ်ခွက်ရဖို့ ကန်စွန်းခင်းအညွန့်ထွက်ချိန် ဦးအောင်အလုအယက် စောင့်ခူးနေကြပါတယ်။

ဆီမကုန်ခင် အလုအယက်

ထားဝယ်မြို့ပေါ်တွင် ဓာတ်ဆီအကန့်အသတ်ဖြင့် ရောင်းချနေမှုကြောင့် ဆီမကုန်ခင် အလုအယက်ဆီဝယ်ယူနေကြသည့် မြင်ကွင်းကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရစဉ်။ သီလဝါမှထွက်လာသည့် ဆီဘောင်ဆာကား ယနေ့ထားဝယ်သို့ ရောက်ရှိလာခြင်းကြောင့် ဆီရောင်းပေးနေခြင်းဖြစ်ကြောင်း ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ ၃၀၀၀ ကျပ်ဖိုး (တစ်လီတာကျော်ကျော်)၊ ကားတစ်စီးလျှင်...

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်း ထားဝယ်ဘုရားကြီးမြင်ကွင်း

ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ လောကမာရဇိန် ဘုရားကြီးတွင် ဘုရားဖူးလာသူများနှင့် စည်ကားနေသည်ကို တွေ့ရသည်။ အာဏာမသိမ်းခင်က ထားဝယ်မြို့နယ် အတွင်းရှိ မောင်မယ်ရှောင်၊ ဇဟာလမ်းပိုင်းများနှင့် ထားဝယ်မြို့တွင်း နေရာအများစုတွင် နှစ်ဆန်း ၁ရက်နေ့...

ထားဝယ်ကို အောက်မေ့သတိရခြင်း

အော့မေ့ဟှယ် ထားဝယ် (We Miss Dawei) အမည်ရ ထားဝယ်ကို လွမ်းဆွတ်သတိရခြင်း ပွဲတော် တစ်ခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုအကြား ရပ်ရွာကို မပြန်နိုင်သည့် အခြေအနေတွင် သတိရခြင်း...

သံချပ်သံတွေမြိုင်တဲ့ လောင်းလုံးသင်္ကြန် အကြတ်နေ့

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅)၌ ပင်မသပိတ်စစ်ကြောင်းများက သံချပ်ထိုးဖျော်ဖြေခြင်းနှင့် ရေကစားခြင်းများ ပြုလုပ်ခဲ့ကြသည်။ သံချပ်ထိုးခြင်းကို သင်္ကြန်အကြိုနေ့မှစ၍ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်သည်။

ရေကြီးနေတဲ့ မွန်ပြည်နယ်

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေသည်။ မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်များမှ...

မြိတ်က လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မုန့်ကိုက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲတို့အား မြိတ်မြို့ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၄) ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၄) ကျင်းပသည်။ ယင်းပြိုင်ပွဲကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ မြိတ်မြို့...

အာဏာသိမ်းဂယက်အောက်မှ လွတ်လပ်ရေးနေ့ မောင်းမကန်

လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ်တွင် မောင်းမကန်ကမ်းခြေသို့ လာရောက်သူ နည်းပါးနေခဲ့သည်။ ယခင်နှစ်များက အများပြည်သူရုံးပိတ်ရက်ဖြစ်သည့် လွတ်လပ်ရေးနေ့တွင် ကမ်း‌ခြေ၌ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လာရောက်အပန်း‌‌ဖြေသူ နည်းပါးနေသည်။

အဖိတ်နေ့ည ထားဝယ်သီတင်းကျွတ်

သီတင်းကျွတ်လဆန်း ၁၄ ရက် ညဦးတွင်တွေ့ရသည့် ထားဝယ်မြို့ရှိ လောကမာရဇိန်ဘုရာကြီးတွင် ဘုရားဖူးလာသူများနှင့် မြင်ကွင်းအချို့ ဓာတ်ပုံ- Dawei Watch