ထားဝယ်ကို အောက်မေ့သတိရခြင်း

0
342

အော့မေ့ဟှယ် ထားဝယ် (We Miss Dawei) အမည်ရ ထားဝယ်ကို လွမ်းဆွတ်သတိရခြင်း ပွဲတော် တစ်ခုကို ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုအကြား ရပ်ရွာကို မပြန်နိုင်သည့် အခြေအနေတွင် သတိရခြင်း လွမ်းခြင်း အောက်မေ့သတိရခြင်း အထိမ်း အမှတ်အနေနှင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့တွင် We Love Dawei စီစဉ်ကျင်းပခဲ့ဖူးသော အဖွဲ့များက ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရောက် ထားဝယ်တိုင်းရင်းသားများ၊ မြန်မာများနှင့် ထိုင်းပြည်သူ စုစုပေါင်း လေးရာခန့် ဆင်နွှဲခဲ့ကြသည်။

ဓာတ်ပုံ – Razi