တနင်္သာရီတိုင်းအတွင်းသစ်တောဖုံးလွှမ်းမှုရှိနေသေးသည့် နေရာ ၁၉ ခုတွင် ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း တနင်္သာ ရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံ မှ သိရသည်။
ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိသစ်တောဖုံးလွှမ်းမှု ရှိသည့် နေရာ ၁၉ ခုတွင် မြေဧက နှစ်သိန်းကျော် (၂၂၅၅၉၅ ဒဿမ ၇၇ ဧက)ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
တနင်္သာရီတိုင်း၏ သစ်တောဖုံး လွှမ်းမှုဧရိယာက ၆၀ ရာခိုင်နှုန်းကျော် ရှိသည့်အနက် သစ်တောဌာနက ထိန်း သိမ်းခွင့်ရသည့် ကြိုးပြင်၊ ကြိုးဝိုင်းဧရိ ယာက ၃၂ ရာခိုင်နှုန်းသာရှိပြီး ကျန် သည့်သစ်တောဖုံးလွှမ်းနေရာများကို ထိန်းသိမ်းကာကွယ်နိုင်ရန် ယင်းကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသစ် တောဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျကဆိုသည်။
အဆိုပါ နေရာ ၁၉ ခုအနက် ၇ နေရာကို ကြိုးပြင်ကာကွယ်တောသတ် မှတ်ရန် ရည်ရွယ်ကြောင်း ပြည်ထောင်စု အစိုးရက ယမန်နှစ်နှင့် ယခုနှစ်အတွင်း က ကြေညာခဲ့ပြီးဖြစ်ကြောင်း ဦးကျော် ဇေယျကပြောသည်။
“အခုဖွဲ့မယ့် ကြိုးပြင်ကာကွယ် တောသည် သစ်ထုတ်ဖို့ ရည်ရွယ်တာမ ဟုတ်သလို ဘယ်ကုမ္ပဏီ ဘယ်လုပ်ငန်း ရှင်တွေကိုမှ ပေးဖို့မဟုတ်ဘူး၊ ဒီတော တွေ နောင်တစ်ချိန်မပျက်စီးမပြုန်းတီး သွားအောင် ထိန်းသိမ်းဖို့ ကာကွယ်ဖို့ပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် တိုင်းသစ်တောဌာနက ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် ရန် ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်ထိ အဆိုပြုထားသည့် နေရာ ၁၂ ခုရှိသည်။
အဆိုပြုနေရာများကို ပြည်ထောင်စု အစိုးရက ကြိုးပြင်ကာကွယ်တောဖွဲ့ စည်းရန် ကြေညာသည့်အချိန်ထိ အချိန် နှစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။
ကြိုးပြင်ကာကွယ်တောဖွဲ့စည်း ခြင်းကို မူအားဖြင့် ကန့်ကွက်ရန် မရှိ သော်လည်း ဒေသခံတောင်သူများ၏ လယ်ယာမြေများကို ကာကွယ်ပေးနိုင်ရန် လိုအပ်ပြီး ဧရိယာအနီးရှိဒေသခံများ၏ သဘောထားရယူရန်လည်း လိုအပ် ကြောင်း တနင်္သာရီမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက ဆိုသည်။
“အပြုသဘောဆောင်ပြီးတော့ ကြိုဆိုတယ်၊ ဒါပေမယ့် တောင်သူတွေရဲ့ လုပ်ကိုင်ခွင့် ပျောက်ဆုံးတာမျိုးတော့ ဖြစ်လို့မရဘူး၊ တောင်သူတွေရဲ့ ဒီတော ကိုမှီခိုလုပ်ကိုင်စားသောက်နေရတာအပေါ်မှာလည်း အသိအမှတ်ပြုပေးရမယ်” ဟုဦးရဲမြင့်ဆွေက ပြောသည်။
ပြည်ထောင်စုအစိုးရက ကြိုးပြင် ကာကွယ်တောအဖြစ်ရည်ရွယ်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် လျာထား သည့် ကြိုးပြင်ကာကွယ်တောဧရိယာ အတွင်းလယ်ယာများ၊ လူနေရွာများ အစရှိသည့်ဒေသခံများ၏ ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း တင်ပြလာပါက ချန် လှပ်ထားခဲ့မည်ဖြစ်ကြောင်းသစ်တော ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
ယင်းအတွက်ကြောင့် သတ်မှတ် မည့် ဧရိယာအတွင်းရှိကျေးရွာများတွင် ဗီနိုင်းပြားများဖြင့် ကြေညာထားသကဲ့သို့ သစ်တောဌာနဝန်ထမ်းများက ကွင်း ဆင်းကာ ရှင်းပြနေကြောင်း ၎င်းက ဆိုသည်။
ကြိုးပြင်ကာကွယ်တော သတ်မှတ် ပြီးပါကလည်း ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ငန်း (CF ) လုပ် ကိုင်မည်ဆိုပါက လျှောက်ထားနိုင် ကြောင်း ဦးကျော်ဇေယျက ဆိုသည်။
ပြည်ထောင်စုအစိုးရက ကြိုးပြင် ကာကွယ်တောဖွဲ့ရန် ရည်ရွယ်ကြောင်း ကြေညာထားသည့် နေရာ ၇ ခု အကျယ်အဝန်းမှာ ဧက ၇ သောင်းကျော် (၇၀၉၁၇ ဒဿမ ၃၇ ဧက)ရှိကြောင်း သစ်တောဌာနစာရင်းအရ သိရသည်။
တိုင်းဒေသကြီးသစ်တောဌာနကအဆိုပြုထားသည့် နေရာ ၁၂ ခုရှိပြီး အကျယ်အဝန်းမှာ ဧကတစ်သိန်းခွဲ ကျော်(၁၅၄၆၇၈ ဒဿမ ၄ ဧက) ရှိ ကြောင်း အထက်ပါဌာနထံမှ သိရ သည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း သစ်တောဌာနက စီမံခွင့်ရှိသည့် သစ် တောကြိုးဝိုင်း ၂၉ ခု၊ ကြိုးပြင်ကာကွယ် တော ၁၆ ခု၊ သဘာဝထိန်းသိမ်းနယ်မြေ ၃ ခုမှ စုစုပေါင်းမြေအကျယ်အဝန်းမှာ ၃၄၅၅၅၇၂ ဒဿမ ၅၁ ဧကရှိကြောင်း သစ်တောဦးစီးဌာနစာရင်းများအရ သိရ သည်။ ပြည်ထောင်စုအစိုးရက ကြိုးပြင်ကာကွယ်တောဖွဲ့ရန်ရည်ရွယ်ကြောင်း ကြေညာထားသည့်နေရာများ
ပြည်ထောင်စုအစိုးရက ကြိုးပြင်ကာကွယ်တောဖွဲ့ရန်ရည်ရွယ်ကြောင်း ကြေညာထားသည့်နေရာများ
စဉ် မြို့နယ် ကြိုးပြင်ကာကွယ်တောအမည် ဧရိယာ(ဧက)
၁ သရက်ချောင်း အစ်အစ်ဒီရေတော ၁၆၁
၂ သရက်ချောင်း မင်းသား ၂၅၀၀၀
၃ သရက်ချောင်း ကညင်ချောင်းဒီရေတော ၅၁၂
၎ သရက်ချောင်း အောက်သရက်ချောင်း၊ ဒီရေတော ၈၅၆
၅ တနင်္သာရီ ဖိုးမဲ(ခြေတော်ရာ) ၂၅၆၀
၆ ဘုတ်ပြင်း ရေငံကြီးဒီရေတော ၃၂၈၆၈.၃၇
၇ ဘုတ်ပြင်း ထင်းမယ် ၈၉၆၀
စုစုပေါင်း ၇၀၉၁၇.၃၇
တိုင်းသစ်တောဌာနက ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန် အဆိုပြုထားသည့်အခြေအနေ
စဉ် မြို့နယ် ကြိုးပြင်ကာကွယ်တောအမည် ဧရိယာ(ဧက)
၁ ထားဝယ် မေတ္တာ ၅၀၀၂၆
၂ ရေဖြူ ကလုံးထာ ၁၂၈၅၂
၃ ပုလော ပြင်ဘုကြီးဒီရေတော ၇၀၃၃
၎ ပုလော ကျောက္ကာဒီရေတော ၇၀၄၀
၅ ပုလော ကျောက္ကာအနောက်ကျွန်းဒီရေတော ၇၁၆.၈
၆ ပုလော အောက်သဲပုံဒီရေတော ၃၄၅၆
၇ ကျွန်းစု မအိုင်ဒီရေတော ၃၃၄၀
၈ ကျွန်းစု မစမ်းပါး ၂၅၆၀
၉ ကျွန်းစု ခိုကျွန်းဒီရေတော ၃၃၄၀
၁၀ ကျွန်းစု ဆလုံတောင်ကျွန်းဒီရေတော ၁၁၈၀၁.၆
၁၁ ကျွန်းစု ဆင်ကူးကျွန်းဒီရေတော ၉၆၀၀
၁၂ ဘုတ်ပြင်း ကရသူရိကြိုးပြင် ၄၂၉၁၃
စုစုပေါင်း ၁၅၄၆၇၈.၎