၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာန၏ လုပ်ငန်းများကို ကြို တင် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
လာမည့်ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းတင်ဒါများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တင်ဒါခေါ်ယူမည် ဖြစ်ပြီး ယင်းကာလတွင်ပင် လုပ်ငန်းများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။
ယခင်က ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိကို ဘဏ္ဍာရေးနှစ်တစ် ခုအဖြစ် သတ်မှတ်ထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ အောက်တို ဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိကို ဘဏ္ဍာရေးနှစ်အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် တင်ဒါခေါ် သည့်အချိန် ပြောင်းလဲသွားခြင်းဖြစ် သည်။
ယခင်နှစ်များက ဘတ်ဂျက် စတင် သည့်လမှ သုံးလခန့်ကြာမှသာ တင်ဒါ ခေါ်ယူလေ့ရှိပြီး လာမည့်နှစ်တွင်မူ တည် ဆောက်ချိန် ပိုရစေရန် ကြိုတင် တင်ဒါ ခေါ်ခြင်းဖြစ်ကြောင်း ဦးဝင်းမင်းထွဋ်က ဆိုသည်။
“တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက် ပြီး မြို့နယ်လမ်းဦးစီးရုံးတွေမှာ ဆက် သွယ်စုံစမ်းနိုင်တယ်” ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း ဆောက် လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပစ္စည်းနှင့် လုပ်ငန်းတင်ဒါ အရေအတွက် စုစုပေါင်း ၉၀၀ ခန့်ကို တင်ဒါခေါ်ယူမည်ဖြစ် ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာန ထံမှ သိရသည်။
လုပ်ငန်းတင်ဒါ ကြိုတင်ခေါ်ယူ သည်ကို သဘောတူပြီး တင်ဒါအောင်မြင် သည့် အဖြေကိုလ ည်း မြန်ဆန်စွာ ကြေညာပေးစေလိုကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။
“စောစောခေါ်တော့ ကောင်းတာ ပေါ့၊ အခုလည်း အလုပ်မရှိဘူးဆိုတော့ လေ”ဟု အဆိုပါ အမျိုးသားက ပြောသည်။
လမ်းဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု နှင့် တိုင်းအစိုးရရန်ပုံငွေ စုစုပေါင်း ကျပ်ငွေ ၄၀ ဘီလီယံကို တိုင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။