ဆန်၊ ဆီစျေးငြိမ်နေသည့် ထားဝယ်စျေးကွက်

0
595

ထားဝယ်တွင် ယခုအပတ် ကြက်သွန်နီစျေး အနည်းငယ်ကျပြီး ဆန်၊ ဆီ စျေးငြိမ်နေသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်နီ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်အထိ စျေးရှိရာမှ ယနေ့ တစ်ပိဿာလျှင် ၃၃၀၀ ကျပ်သာ ကျန်တော့သည်။

ထားဝယ်တွင် တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိတ်ဿာ ၂၀၀ကျပ် စျေးကျလာသည်ကို တွေ့ရသည်။

မတ်လ ၁ ရက်နေ့က ဆန်ကြမ်း တစ်အိတ် ၁၂၂၅၀၀ ကျပ်စျေးရှိရာမှ တစ်ပတ်အတွင်း ၁၂၃၅၀၀ အထိ စျေးတက် သွားပြီး ယနေ့အထိ အတက်စျေးဖြင့် စျေးငြိမ်နေသည်။

ဆန်ကြမ်းနည်းတူ ဆန်ချောနှင့် ဆီ၊ ငရုတ်သီးစျေးများမှာလည်း အပြောင်းအလဲ မရှိ စျေး ငြိမ်နေသည် ကို တွေ့ရသည်။