ဆန်ဈေးငြိမ်ပြီး ငရုတ်၊ကြက်သွန်ဈေး အနည်းငယ်တက်နေသည့် ထားဝယ်ဈေးကွက်

0
868

ဇန်နဝါရီလကုန်မှစပြီး ဆန်ဈေးဆက်တိုက်တက်​နေ​သော်လည်း ယခုအပတ်တွင် ဈေးငြိမ်နေသည်။

ပြီးခဲ့သည့်အပတ်က ရွှေဘို ပေါ်ဆန်း တစ်အိတ် ၁၉၈၀၀၀ကျပ်၊‌အကယ်ဒမီ ပေါ်ဆန်း တစ်အိတ် ၁၅၄၀၀၀ကျပ်၊အကယ်ဒမီဆန်ကြမ်း တစ်အိတ် ၁၂၁၀၀၀ကျပ်ဖြင့် ယခင်အပတ်ကဈေးနှုန်းအတိုင်းဈေးငြိမ်နေခြင်းဖြစ်သည်။

သို့သော် မီးဖိုချောင်းသုံးပစ္စည်းများဖြစ်သည့် ငရုတ်၊ကြက်သွန် ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာသည်။

ကြက်သွန်နီတစ်ပိဿာ ပြီးခဲ့သည့်အပတ်က ၂၈၀၀ကျပ်မှ ယနေ့ ၃၃၀၀ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာ ၁၆၅၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ရွှေအပ် ငရုတ်ခြောက်တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ငရုတ်ပုခြောက်တစ်ပိဿာ ၁၆၅၀၀ကျပ်မှ ၁၇၀၀၀ကျပ် ဖြစ်သွားသည်။

တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၅၀၀ကျပ်ဈေးတက်သွားသလို ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းမှာလည်း ၅၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။

ထို့အတူ ငရုတ်သီးခြောက်ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာ ၅၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ ဈေးတက်လာသည်ကိုတွေ့ရသည်။