မုဒုံတွင် ရဟန်းတစ်ပါးက အမျိုးသားတစ်ဦးကို တုတ်ဖြင့်ရိုက်သတ်

0
1704

မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာ၊ ရပ်ကွက်(၄)ရှိ မင်းကျောင်းဘုန်းကြီးကျောင်းဝင်းအတွင်း လာရောက်ဆဲဆိုသည့် အမျိုးသားကို ကျောင်းနေရဟန်းတစ်ပါးက တုတ်ဖြင့်ရိုက်လိုက်ရာ သေဆုံးသွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ မုဒုံမြို့နေ အသက် ၂၈ နှစ်အရွယ် ကိုဒေါင်းစိန်ဟု ဒေသခံများကဆိုသည်။

ကိုဒေါင်းစိန်မှာ အရက်မူးနေပြီး ဘုန်းကြီးကျောင်းတွင် ထမင်းမစားရသောကြောင့် အော်ဟစ်ဆဲဆိုရာမှ ပြဿနာဖြစ်ပွားပြီး တုတ်ဖြင့် အရိုက်ခံရကာ ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူမှာ မင်းကျောင်းဘုန်းကြီးကျောင်းရှိ သက်တော် (၅၂)နှစ်၊ ဝါတော် (၂၄)ရှိ အရှင်ပညာဖြစ်ကြောင်း သုံးပေခန့်ရှိ တုတ်ပိုင်းဖြင့် သုံးချက် ရိုက်နှက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ကမာဝက်နယ်မြေရဲစခန်း ထံမှသိရသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အရှင်ပညာအား လူဝတ်လဲ၍ ကမာဝက်နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။