မွန်တောင်ပိုင်းဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးအဖွဲ့များဆို

0
2861

မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။

မကြာမီကာလအတွင်း မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုသည်။

စစ်ရေးအရှိန်မြင့်လာမည် ဖြစ်သည့်အတွက် ပြည်သူများအနေနှင့် စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွား လာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန် တိုက် တွန်းထားသည်။

ရေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကလည်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများ အသွားအလာသတိပြုကြရန် ဇန်နဝါရီလ ၁၅ ရက်နေ့က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တောင်ပိုင်း တစ်ခုတည်းတွင် ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားထားသည်။