ဂျက်တိုက်လေယာဉ်တစ်စင်းကို KIA ပစ်ချ

0
1873
ပုံစာ - စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နှစ်စင်း ၂၀၁၉ခုနှစ်က စစ်ရေးလေ့ကျင့်ပျံသန်းနေစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာအနီးတွင် စစ်ကောင်စီတပ်၏ ဂျက်တိုက် လေယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နမ့်ဖက်ကာရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၂၃ ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒီဇင်ဘာလ လကုန်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယင်းနေရာသို့ တိုက်ခိုက်ရန်လာစဉ် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

တိုက်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇန်နဝါရီလ ၃ရက်ကလည်း နာဖာ့တပ်စခန်းကို လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်တစ်စင်းကို KIA ဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA က ပစ်ချခဲ့သည်။

ယင်းသို့ ပစ်ချခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်ကို KIA က ဖမ်းမိခဲ့သည်။