ဇန်နဝါရီလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
413

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း
  • ရေဖြူမြို့နယ် နတ်အိမ်တောင်ဒေသက ရွှေလုပ်သားသုံးဦးအသတ်ခံရတဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်တဲ့အကြောင်း
  • DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး တရားဝင်နုတ်ထွက်ပြီး ဗထူးတပ်မတော်ကို ဝင်သွားတဲ့အကြောင်း
  • ထားဝယ်ကားကွင်းမှာ ခရီးသည်တစ်ဦးဆီကနေ WYဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိတဲ့အကြောင်း
  • စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ သရက်ချောင်းမြို့နယ်က နေအိမ်လေးလုံး ပျက်စီးသွားတဲ့အခြေအနေ
  • ထိုင်းနိုင်ငံမှာ ကားနှစ်စီးတိုက်လို့ မြန်မာအလုပ်သမားရှစ်ဦး ဒဏ်ရာရသွားတဲ့အကြောင်း အပါအဝင်
  • ဖူးခက်က ဟိုတယ်မှာ ဧည့်သည်ရဲ့ငွေတွေကို ခိုးတယ်ဆိုတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ဖမ်းဆီးခဲ့တဲ့အကြောင်း

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။