စစ်ရဟတ်ယာဉ်တစ်စင်းကို KIA ပစ်ချ

0
1534

ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒေသမီဒီယာအချို့တွင် အတည်ပြုပြောဆိုထားသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် လိုင်ဇာ၊ ပါဂျောင်နဖော၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်း ဖော်ပြချက်အရ သိရသည်။

ရဟတ်ယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့သည်ဟု ရှေ့တန်းရောက် တပ်ဖွဲ့ဝင်များက သတင်းပို့ထားပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယခုရဟတ်ယာဉ်သည် ရိက္ခာလာပို့သည် ရဟတ်ယာဉ်ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးချနေသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။