ဖယ်ခုံတွင် စစ်ကောင်စီတပ်စခန်းကုန်းနှစ်ခုကို တော်လှန်ရေးအဖွဲ့များသိမ်းယူပြီး မြို့အဝင်အထွက်ကို ထိန်းချုပ်

0
885

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စစ်ကောင်စီတပ် စခန်းကုန်းနှစ်ခုကို ပူးပေါင်းမဟာမိတ် တော်လှန်ရေးအင်အားစုများက သိမ်းယူလိုက်ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေးမဟာမိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၃ရက်၊ ၂၄ရက်၊ ၂၅ ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ဖယ်ခုံမြို့ အဝင်အထွက် နေရာတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။

ယခုကာလအတွင်း ပြည်သူများအနေဖြင့် ဖယ်ခုံမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာခြင်း မပြုလုပ်ကြရန်၊ မိုးဗြဲ-ဖယ်ခုံ ဒေသအသီးသီးတွင် နေထိုင်နေကြသည့် ပြည်သူများအနေဖြင့် နေအိမ်များသို့ မပြန်ကြရန်လည်း အသိပေးထားသည်။

မိုးဗြဲ-ဖယ်ခုံဒေသတွင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့ပူးပေါင်းပြီး ၁၁၁၁ စစ်ဆင်ရေးကို ပူးပေါင်းလုပ်ဆောင်နေသည်။