ထားဝယ်မြစ်အနောက်ဘက်တွင် ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးပြင်းထန်ဒဏ်ရာရ

0
544

ထားဝယ်မြစ်၏အ‌နောက်ဘက် တောစပ်အနီးတွင် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၈ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါကလေးငယ်မှာ အခြားကလေးများနှင့်အတူ ကဘူရွာ၏အနောက်ဘက် သင်္ချိုင်းအနီး တောစပ်တစ်နေရာတွင် ကစားနေစဉ် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံ တစ်ချက်တည်း ကြားရတယ်။ သိပ်တော့မကျယ်ဘူး” ဟု ၎င်းက ပြောဆိုသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါကလေးငယ်မှာ လည်ပင်းတစ်ဝိုက် ပြင်းထန်ဒဏ်ရာရပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။