ကျွန်းစု မင်းဂုတ်ရွာတွင် တိုက်ပွဲဖြစ်နေ

0
1326

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

မင်းဂုတ်ရွာတစ်ဝိုက်တွင် ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် မင်းဂုတ်ရွာနှင့် မောင်းလှော်ရွာ ဒေသခံများ ထွက်ပြေးနေကြရကြောင်းဒေသခံများက ပြောဆိုသည်။

“လှေတွေနဲ့ ထွက်ပြေးတဲ့သူ ထွက်ပြေး၊ တချို့ မပြေးနိုင်တဲ့သူကလည်း ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အကြောင်းအရင်း၊ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်ပြီး Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာရောက်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ပွဲဖြစ်နေသည့် ကျေးရွာတို့သည် ကျွန်းစုမြို့နယ်အတွင်း ပျုစောထီးခေါ် ပြည်သူ့စစ်အားကောင်းသည့် ကျေးရွာများ ဖြစ်သည်။