မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်း တက်နေဆဲ

0
1042

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်းမြင့် တက်နေဆဲဖြစ်သည်။

ယခင်အပတ်က ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၇၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်တက်သဖြင့် ယခုအပတ်တွင် ၁၇၅၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။

အလားတူ အခြားဆန်အမျိုးအစားများလည်း တစ်အိတ်လျှင် ကျပ် ၅၀၀၀ အထိ မြင့်တက်လာသည်။

စားအုန်းဆီးဈေးကွက်တွင် ယခင်အပတ်က ဆယ်ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ၈၆၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ကျသဖြင့် ယခုအပတ်တွင် ၈၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

ကြက်သွန်ဖြူ(ကျူကုတ်)တစ်ပိဿာလျှင် ယခင်အပတ်က ၁၀၀၀၀ ကျပ်မှ ၁၀၀၀ ကျပ် တက်လာပြီး ယခုအပတ်တွင် ၁၁၀၀၀ ကျပ် ဖြစ်လာသည်။

သားငါးအချို့ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ကျဆင်းလာပြီး ပုဇွန်ခြောက်တစ်ပိဿာလျှင် တစ်ထောင်ကျပ်မြင့်တက်လာခဲ့သည်။