ပေါက်တောမြို့ကို AA ထိန်းချုပ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်

0
1020

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသတွင်း သတင်းဌာနတို့က ဖော်ပြသည်။

ပေါက်တောမြို့က ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို AA က နိုဝင်ဘာလ ၁၅ရက် ညတွင် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းနောက် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၈နာရီခွဲကျော်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

လေကြောင်း ပစ်ခတ်မှုကြောင့် လူထိခိုက်မှုအခြေအနေကို မသိရသေးပေ။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေပြီး မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားနေသည်။

တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က နယ်ခြားစောင့်စခန်း၊ ရဲစခန်း ၄၀ ကျော် စခန်းစွန့်ခွာသွားကြောင်း AA က ထုတ်ပြန်ထားသည်။